🌸Part -6🌸

1.5K 99 4
                                    

(Zawgyi)

🌸More than friends(သူငယ်ချင်းထက်ပိုသော)🌸

ရိပေါ်နဲ့ရိုဟန် အခန်းဝင်မယ်လုပ်တော့ တံခါးအဝမှာ နှစ်ယောက်သားတိုက်မိသည်။ ရိုဟန်က

"မင်းမမြင်ဘူးလား ငါဝင်နေတယ်လေ!"

"မင်းကရော ငါဝင်နေတာမမြင်ဘူးလား"

ရိပေါ်နဲ့ရိုဟန် တံခါးအဝ၌သာ အကြည့်ချင်းစစ်ထိုးနေကြသည်။ ရိပေါ်  ရိုဟန်ကိုဆက်စကားမပြောချင်၍ ရိုဟန့်ပုခုံးကိုတိုက်ကာ အခန်းထဲသို့ဝင်သွားသည်။

ရိုဟန်လည်း အခန်းထဲဝင်ပြီး တံခါးပိတ်ကာခုံပေါ်ထိုင်နေသည်။ အချိန်ခဏအကြာ ကုတင်ပေါ်မှ ရှောင်းကျန့် လှုပ်လာတော့ ရိပေါ်က

"ရှောင်းကျန့်...ရိုဟန် ဆရာဝန်ကိုသွားခေါ်"

"မင်းသွားခေါ်လေ ငါမှန်ကြောင်အနားမှာနေလိုက်မယ်"

"မင်းသွားစရာရှိတာသွား ငါရှောင်းကျန့်အနားပဲနေမှာ"

နှစ်ယောက်ငြင်းခုန်နေစဉ် သတိရလာသောရှောင်းကျန့်က

"ရိပေါ်...."

ရှောင်းကျန့်အသံသဲ့သဲ့လေးကြောင့် ရိပေါ် ရှောင်းကျန့်လက်ကိုကိုင်ကာ

"ငါရှိတယ် ရှောင်းကျန့် ငါမင်းဘေးနားမှာရှိတယ်နော်"

"ရေ...."

"ဟမ်? ရှောင်းကျန့် ဘာပြောတာလဲ"

"ရေသောက်ချက်တယ်"

"ရေလား ခဏလေးနော်"

ရိပေါ် ရေဘူးကိုလှည့်ယူတော့ အခုထိမသွားသေးပဲရပ်ကြည့်နေတဲ့ရိုဟန်ကြောင့်

"ရိုဟန် မင်းအခုထိဆရာဝန်သွားမခေါ်ရသေးဘူးလား"

ရိုဟန်လည်း ရိပေါ်ကိုဘုကြည့်ကြည့်ကာ ဆရာဝန်သွားခေါ်ရသည်။ ဆရာဝန်ရောက်လာ၍ စမ်းသပ်ပြီး

"လူနာက သ-က်သာလာပါပြီ သူ့ကိုအစာပျော့ပျော့လေးတွေကျွေးပါေ-သချာလေးဂရုစိုက်ပေးပါ"

ရိပေါ်/ရိုဟန် - "ဟုတ်ကဲ့"

ဆရာဝန်ထွက်သွားတော့ ရိပေါ် ရှောင်းကျန့်ကို ပွေ့ထူကာ သူ့ရင်ခွင်ထဲထည့်ပြီး ရေခွက်လေးဖြင့်ပါးစပ်နားတေ့ကာ တိုက်တော့ ရေအနည်းငယ်သာသောက်လိုက်သည်။ ရှောင်းကျန့် သူ့ကိုရပ်ကြည့်နေတဲ့ရိုဟန်ကို

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now