🌸Part -21🌸

1.3K 78 7
                                    

(Zawgyi)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

"ဝမ်ချင်တော်တော့ မပြောနဲ့တော့"

"မပြောလို့မရဘူး! ရိပေါ် ရှင်ကလေ ရှောင်းကျန့်ဘက်ဆိုအမြဲမတွေးဘူး ရှင်လုပ်ချင်တာကိုပဲ ရှင်တွေးတယ် သူ့ခဗျာ ရှင်ပျောက်သွားလို့ဘယ်လောက်စိတ်ပူနေခဲ့လဲရှင်သိလား! ရှောင်းကျန့်သာတစ်ခုခုဆို ကျွန်မရှင့်ကိုခွင့်မလွှတ်ဘူး ရိပေါ်!!"

ရိပေါ် ဝမ်ချင့်စကားကိုကြားပါသော်လည်းပြန်မပြောနိုင်ပေ။ သူ့ရင်ခွင်ထဲမှ သတိလစ်နေတဲ့ရှောင်းကျန့်ကိုပဲ သူကြည့်နေကာ နှုတ်မှလည်းတတွတ်တွတ်ပြောလျှက်

"ရှောင်းကျန့် ငါ့ကိုထားသွားလို့မရဘူးနော် မင်းငါ့ကိုထားသွားလို့မရဘူးရှောင်းကျန့် ...ငါတောင်းပန်ပါတယ် ငါ့ကိုကြိုက်တဲ့အပြစ်ပေးပါ ငါအားလုံးခံယူပါ့မယ် ကျေးဇူးပြုပြီး....ဘာမှမဖြစ်လိုက်ပါနဲ့ ငါတောင်းပန်ပါတယ် ငါနောင်တတွေလည်းရနေပါပြီ ရှောင်းကျန့်ရယ်....

ငါ့ကို...ငါ့ကိုဒီလိုမျိုးတော့ မထားသွားပါနဲ့ ငါ့မှာမင်းတစ်ယောက်ပဲရှိတာရှောင်းကျန့်ရဲ့ ငါမင်းမရှိပဲမနေနိုင်ဘူး!...မင်းပဲ ငါ့ကိုချစ်တယ်ဆို ငါလည်းမင်းကိုအရမ်းချစ်တာပါ ငါမှားသွားတယ် ငါ့မာနကို ငါရှေ့တန်းတင်မိတယ် ငါမင်းကိုေ-သချာရှင်းပြပြီး ငါကပ်တွယ်ခဲ့သင့်တာကို ငါမှားပါတယ် ငါ့ကိုအပြစ်ပေးဖို့ထလာပါတော့ ရှောင်းကျန့် ငါပြောနေတယ်လေ ရှောင်းကျန့်!!"

ဝမ်ချင် ရိပေါ်ကိုပြောမယ်အလုပ် ရိပေါ်ရင်ခွင်ထဲမှ မျက်လုံးလေးတစ်ဖက်ပွင့်ကာ သူ့တို့ကိုဝင်မပါရန် လက်ဟန်ခြေဟန်ဖြင့် ရိပေါ်မမြင်အောင်ပြနေတဲ့ရှောင်းကျန့်ကြောင့် ငိုနေတဲ့ဝမ်ချင် ရယ်ချင်သလိုတောင်ဖြစ်သွားခဲ့သည်။

(ရှောင်းကျန့် ရှင်ကတော့လေ ငါ့မှာဖြင့်စိတ်ပူလိုက်ရတာ)

ထို့နောက် ကယ်ဆယ်ရေးသမားများလာကာ ရှောင်းကျန့်ကိုစမ်းသပ်ကြည့်ပြီး ဆေးရုံကားပေါ်သို့ခေါ်သွားကြသည်။ ဆေးရုံကားပေါ်၌ ပါသွားသူက ဝမ်ချင်ပင်။ ရိပေါ်လည်း ဆေးရုံကားပေါ်တက်မယ်အလုပ် ဝမ်ချင်က

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now