🌸Part -17🌸

1.3K 86 3
                                    

(Zawgyi)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

"စဉ်းစားလေ ရှောင်းကျန့်ကအမြဲ ငါ့ကိုပဲဦးစားပေးတာ မင်းကိုမနာလိုစရာဘာစောက်ကြောင်းမှမရှိဘူး"

"အဟဟ ဟုတ်လားေ-သချာတာ‌ကတော့ မင်းကိုရှောင်းကျန့်မချစ်တော့ဘူး"

"အပြောမစောနဲ့ငါ့ကောင် ရှောင်းကျန့်က င့ါကိုပဲချစ်တာ"

နှစ်ယောက်သား စကားစစ်ခင်းနေကာ အကြည့်တို့ကကြောက်မက်ဖွယ်ရာအတိ။ ရှောင်းမားက အိမ်ထဲသို့ဝင်လာကာ

"အားကျိုရေ အန်တီ့ကိုလက်အိတ်လေးပေးပါဦး"

"ဟုတ်ကဲ့အန်တီ"

ရိပေါ်က ချစ်ရသူအမေဖြစ်သူကို မျက်နှာသာရချင်တာကြောင့်

"အန်တီ ကျွန်တော်ဘာလုပ်ပေးရမလဲ"

"ရပါတယ် သားရိပေါ်ရယ် အန်တီက ပန်းပင်လေးတွေအားဆေးထည့်မလို့ပါ"

"ဟင် အဲ့ဒါက အားကျိုကိုလုပ်ခိုင်းလို့မရဘူလားအန်တီ"

"အားကျိုလေးက တခြားအလုပ်တွေလည်းလုပ်နေရသေးတယ်လေ ဒါကြောင့်အန်တီပဲ လုပ်ရတာပေါ့"

"အော် ရပါတယ်အန်တီရာ ဒါလေးတွေလောက်ကတော့ ကျွန်တော်လည်းလုပ်တက်ပါတယ်"

"သားရိပေါ် ကူချင်တယ်ဆိုရတယ်လေ အင့် ဒီမှာလက်အိတ်"

အားကျိုလာပေးတဲ့လက်အိတ်ကို ရှောင်းမားက ရိပေါ်ကိုပေးတော့ ပြုံးဖြီးကာ ယူလိုက်ပြီး ရှောင်းမားနဲ့အတူ ခြံထဲသို့ဆင်းသွားသည်။ ခဏအကြာတွင် အ‌ပေါ်ထပ်မှဆင်းလာသောရှောင်းကျန့် ထမင်းစားခန်းထဲကိုကြည့်လိုက်တော့ ရိပေါ်ကိုမတွေ့ ရိုဟန်ကိုသာတွေ့သည်။

(ရိပေါ် ဘယ်ကိုသွားတာလဲ?)

"ဝမ်ရိပေါ်ကို ရှာနေတာလားရှောင်းကျန့်"

ရိုဟန်စကားကြောင့်ရှောင်းကျန့် ခေါင်းငြိမ့်ပြလိုက်သည်

"အင်း ဟုတ်တယ်"

"မင်းမားကို သွားဖားနေလေရဲ့"

"ဘာကြီး? ဖား?"

"အော် သူ့ကိုအမှတ်တွေအများကြီးပေးပြီး မျက်နှာသာရချင်လို့လေ ခြံထဲမှာ အပင်တွေကိုဆေးကူထည့်ပေးနေလေရဲ့"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now