🌸Part-12🌸

1.4K 81 5
                                    

(Zawgyi)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

မနက်ခင်းနေရောင်ခြည်နဲ့အတူ နိုးထလာတဲ့ရိပေါ် ခေါင်းတစ်ခုလုံးကိုက်ခဲနေသည်။

"ကျစ် အား...ခေါင်းကိုက်တာကွာ ဟင်း..."

သ-က်ပြင်းချရင်း သူ့အခန်းထဲကို သူေ-သချာကြည့်မိတော့

"ဟင်? ငါကညက Barမှာပါ ငါဘယ်လိုလုပ် ဒီကိုပြန်ရောက်လာတာပါလိမ့်?"

ရိပေါ် ညကအကြောင်းအရာများကိုေ-သချာအာရုံစိုက်တွေးနေမိသည်။ ထိုတော့မှ သူ့အတွေးအမြင်ထဲပေါ်လာသောအရာများ။ ငိုနေတဲ့ရှောင်းကျန့်ရဲ့မျက်ရည်တွေနဲ့ စကားသံတွေ

("တော်တော့ရိပေါ်! မင်းငါ့ကိုဆက်ပြီး ဘာတွေထပ်ကစားဖို့ကြိုးစားမလို့လဲ! မင်းမျက်ရည်တွေနဲ့ ငါ့ကိုမချုပ်ကိုင်ပါနဲ့တော့! မင်းစိတ်တိုင်းကျ ငါနေခဲ့တယ် ဟိုးငယ်ငယ်လေးကတည်းက မင်းသဘောအတိုင်း ငါအားလုံးလုပ်ပေးခဲ့တယ် မင်းကိုနာကျင်မယ့်အရာဆို ငါအရှေ့ကနေ ကာစီးပေးခဲ့တယ် အဲ့ဒါက ဘာလို့လဲသိလား!

တကယ်ပါရိပေါ် မင်းကလေ တကယ့်အနီးမှုန်ကောင်ပဲသိလား အမြဲအနားမှာရှိနေတဲ့ငါ့ကိုဆိုမမြင်ဘူး တခြားသူတွေကိုကြတမ်းတနေတယ် ငါလည်းနှလုံးသားနဲ့ပါဟ ငါလည်းခံစားတက်တယ်! မင်းပျော်အောင်ငါလိုက်လုပ်ပေးနေ ဖြည့်ဆည်းပေးနေတယ်ဆိုတာကလေ ငါမင်းကိုအရမ်းချစ်လို့သိရဲ့လား!!!!!"

"မင်း...မင်းက...မင်းက အေ့! ယောင်္ကျားချင်းလာကြိုက်နေတာလား ရှောင်းကျန့် မင်းကငါ့အပေါ် ဘယ်လိုသဘောတွေလာထားနေတာလဲ!"

"အေး ဟုတ်တယ် ငါကယောင်္ကျားချင်းကြိုက်တာ အဲ့တော့ဘာဖြစ်လဲ မင်းငါ့ကိုမချစ်ဘူးမလား! ငါသိတယ်! ငါဘယ်လောက်လုပ်ပေးပေး ဘယ်လောက်အနစ်နာခံခဲ့ခံခဲ့ မင်းငါ့ကို နဲနဲလေးမှတောင်ခံစားချက်မရှိဘူးဆိုတာ ငါသိတယ်ဝမ်ရိပေါ်!!!!"

"မဟုတ်ဘူး...ငါက မင်းကိုသူငယ်ချင်းလိုချစ်တာလေ ရှောင်းကျန့်...အေ့!"

"ငါကတော့ သူငယ်ချင်းလိုမဟုတ်ဘူး ဟိုးငယ်ငယ်လေးကတည်းက ချစ်သူတစ်ယောက်လိုချစ်ခဲ့တာ ဒီနေ့အထိ ငါ့ရင်ထဲမှာ သိမ်းထားခဲ့ရတာ...မင်းကိုအရမ်းပြောချင်တဲ့စကားတွေကို ငါ့ရင်ထဲမှာ မြိုသိပ်ထားခဲ့ရတာ!! ဝမ်ရိပေါ်! ငါမင်းကို အရမ်းချစ်တယ်!")

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now