Part 9

10.1K 786 212
                                    

(Uni)

လောလောလောလောနဲ့ သုတ်ခြေတင်လာရတဲ့ လူးလွန့်မောင်က ကျွတ်လုဆဲဆဲသူ့ပုဆိုးကို ပြန်ပြင်ဝတ်ဖို့ရာအတွက် အချိန်မရှိခဲ့ပါချေ။ ထို့ကြောင့် မတတ်သာစွာနဲ့ပဲ လူစုံတက်စုံရှေ့ရောက်မှသာ လျော့ရဲရဲဖြစ်နေတဲ့ သူ့ပုဆိုးကို အလျင်ပြန်ဝတ်ရင်းက စကားအချေအတင်ဖြစ်နေကြတဲ့ အကြောင်းအရင်းကို ဆက်မေးလာသည်။

" ဘာတဲ့..။ ဒီကောင်စောနက ငပြူးကို ကလေးမလို့ခေါ်လိုက်တာ.. ဟုတ်လား သွားကျိူး "

" ဘာကိုသွားကျိုး! မင်းကိုငလူးလို့ခေါ်တော့ကျ မင်းကြိုက်လား.. ဟမ်! "

" မင်းကိုဟုတ်လား မဟုတ်ဘူးလားပဲ ငါမေးနေတာ..။ ကဲကဲ! မင်းသန့်ပိုင်.. အဲ့ကားပေါ်ကနေလည်း ဆင်းခဲ့ပါဦး။ ရောက်တုန်းရောက်ခိုက် အကြောလေးဘာလေး ဆန့်ကြရအောင် "

လင်းခန့်ကျော်ကို ဘာသိဘာသာ ပလစ်ထားလိုက်ပြီး မင်းသန့်ပိုင်ဘက်ကိုအပီလှည့်ကာ ကားခေါင်မိုးအား လူးလွန့်မောင် တစ်တောက်တောက်နဲ့ခေါက်လို့ အတင်းခေါ်ချတော့သည်။

" အဟဲ! ငါ့အမှားပါ ကိုကိုလူးရာ..။ မတော်တဆအမှားလေးမို့ အာဘွားလေးနဲ့ပဲ အဆုံးသတ်လိုက်ရအောင်နော် "

" ..... "

မင်းသန့်ပိုင်ရဲ့ မျက်ခွက်ပြောင်လှတဲ့ အပြောတစ်ပေါက်ကြောင့် ခညောင်းဦးအနည်းငယ် ဆွံ့အချင်သွားရသလို လင်းခန့်ကျော်လည်း နေရင်းထိုင်ရင်းက ပါးတွေနားတွေပါ ယားကားသွားရှာလေသည်။ လူးလွန့်မောင်ကတော့ ဆိုဖွယ်ရာမရှိအောင်ပင် ဝင်လေထွက်လေတောင်မှ မှားရှူမိသွားရပြီ။

" မင်း.. အခုချက်ချင်းဆင်းလာခဲ့လိုက်! "

" Nope! ရူးနေလို့ ငါကဆင်းရမှာလားကွ "

" ရတယ်လေ.. သေဖို့သာပြင်ထားတော့! "

" ငလူး! "

သူ့ရှေ့ကနှစ်ယောက်ကို အမှန်တကယ် သတ်ပုတ်ကြတော့မည်အထင်နဲ့ လက်တပြင်ပြင်ရွယ်နေတဲ့ လူးလွန့်မောင်လက်မောင်းကို ခညောင်းဦးလှမ်းကိုင်ပြီး ဟန့်တားလာမိတော့သည်။ ယခုအချိန် ရပ်ကွက်စျေးမှာက လူစုံတက်စုံဖြစ်နေသေးသလို တော်တော်များများကလည်း သူတို့လေးယောက်ရှိရာဆီကိုသာ မသိမသာလှည့်လို့ကြည့်ပြီး အကဲခတ်နေကြသည်လေ။

ငပြူးငလူးWhere stories live. Discover now