Part 15

9K 650 145
                                    

(Uni)

" ငပြူး.. နာနေတာလား "

" အင်း.. "

ခပ်တိုးတိုး ညည်းရှိုက်သံလေးကြောင့် လူးလွန့်မောင်အိပ်နေရာမှ ချက်ချင်းထထိုင်လိုက်ပြီး ခညောင်းဦးနဖူးကို တို့ထိစမ်းကြည့်လိုက်ရာ အဖျားငွေ့ငွေ့ရှိနေပြီဖြစ်သည်။

" ငါခုတင်ပေါ် တက်လာခဲ့လို့ရလားဟင် "

ထိုအခါ မျက်လုံးဝိုင်းလေးများဖြင့် ခညောင်းဦး အရင်မော့ကြည့်လာခဲ့ပြီးမှ ခေါင်းလုံးလေးကို ခပ်ဖြေးဖြေးညိတ်ပြလာလေသည်။ တရားဝင်ခွင့်ပြုချက်နဲ့အတူ ခုတင်ပုလေးပေါ်ကို လွှားခနဲတက်ချလာတဲ့ လူးလွန့်မောင်က ခြုံစောင်တစ်ထည်ကို ဆွဲလုခံရမည့်အလား ဖက်တွယ်ထားသူလေးကြောင့် နားနားကပ်လို့ အမေးပြုရပြန်ပေါ့။

" အရမ်းချမ်းနေလား "

ခေါင်းညိတ်ပြလာတဲ့ ခညောင်းဦးကတော့ အကြံကြီးတဲ့ မောင်လူးကြီးအကြောင်းကို မသိချင်ယောင် ဆောင်နေသူသဖွယ်..။

" ငါ ဖက်ထားပေးရမလားဟင် "

ထိုမေးခွန်းအတွက် ပုတ်သင်ညိုလေးခမျာ ခေါင်းညိတ်ဖို့ကို မေ့လျော့သွားပြီထင်..။ အရေးကြီးသည်မှာ ခေါင်းခါမပြဖို့သာဖြစ်လို့ လူးလွန့်မောင်လည်း ချုပ်ရိုးနာမထိရအောင် ခညောင်းဦးရဲ့ ဘယ်ဘက်လက်အောက်ကနေ သူ့လက်တစ်ဖက်ကိုလျှိုဝင်ပြီး ဗိုက်သားပြေပြေလေးကို ထိကိုင်ထားလိုက်မိသည်။

" အိပ်တော့..။ ငါဖက်ထားပေးမှာမို့ အိပ်ပျော်အောင်အိပ်လိုက်နော် "

" အင်း "

ချမ်းစိမ့်နေဆဲ ခန္ဓာကိုယ်လေးဟာ အနီးကပ် လာရောက်ထိတွေ့နေသော ပူနွေးနွေးကိုယ်ငွေ့ကြောင့်ထင်..။ လက်တစ်ပွေ့စာ အကောင်ပေါက်လေးမှာဖြင့် အတင်းတိုးဝှေ့လို့သာ ရင်ခွင်ထဲဝင်လာလေတော့ လူးလွန့်မောင် ရင်ဘတ်ကြီးတစ်ခုလုံးမှာ နှစ်ကူးနဂါးလှည့်နေရပြီ။

သို့သော် အနှီနဂါးမှာလည်း ကြာကြာပင် မကလိုက်ရချေ။ တစ်ညလုံးအဖျားတက်နေခဲ့တဲ့ ခညောင်းဦးကို ရေပတ်ဝတ်တွေတိုက်ပေးပြီး အပူကျအောင် လုပ်ပေးနေရတာကြောင့် မနက်လင်းခါနီးမှပဲ လူးလွန့်မောင်မှေးခနဲ အိပ်ပျော်သွားလေသည်။

ငပြူးငလူးWhere stories live. Discover now