(Uni)
မနက်ခင်းတိုင်းမှာ ကျောပြင်သေးလေး ဝင်ရောက်ခိုလှုံရာက ချစ်ခင်စုံမက်ရသူရဲ့ ရင်ခွင်ကျယ်ကြီးဆီကိုသာ..။
နွေးထွေးသလို လုံခြုံရပါသည်။
မြတ်နိုးသလို ကြည်နူးရပါသည်။" နိုးပြီလား မောင့်ချစ်ဦး "
" အင်း..။ မောင်ရော နိုးနေတာကြာပြီလားဟင် "
ရင်ခွင်ထဲတွင် လူးလွန့်နေတဲ့ခညောင်းဦးက လူးလွန့်မောင်နဲ့ မျက်နှာချင်းဆိုင် အနေအထားဖြစ်အောင်လို့ သူ့ခန္ဓာကိုယ်လေးကို တစ်ပတ်လည်ကာ လှည့်လို့လာလေသည်။
" သိပ်မကြာသေးပါဘူး။ မောင်လည်း စောနကမှနိုးလာတာ "
" အင်း "
အိပ်ရေးမဝဟန်ဖြင့် နှလုံးသားထက် မျက်နှာအပ်လာသူလေးက မျက်ဝန်းများကိုပါ အသာအယာ မှိတ်စင်းထားလျက်..။
" အဟွန်း! ခုထိ အိပ်ချင်နေသေးတုန်းလား.. မောင့်အိပ်ပုတ်လေးက "
စကားလည်းပြောရင်း ဆံနွယ်များလည်း နမ်းရှိုက်ရင်းနဲ့ လူးလွန့်မောင်ခမျာ မအားရရှာပေ။ သူနဲ့အပြိုင်ပင် ခေါင်းလုံးလေးကဖြင့် ရင်ခွင်ထဲ ပိုပိုတိုးဝင်လို့သာ လူးလွန့်မောင်ရဲ့ ခန္ဓာကိုယ်ကြီးအား လက်နဲ့မမျှအောင် ပွေ့ဖက်ထားလေသည်။
" ဘယ်သူ့ကြောင့် အိပ်ရေးပျက်တာလဲ.. ပြောကြည့်လေ "
" ဟားဟား! ဟောဒီက မောင်ဇိုးကြီးကြောင့်ပါဗျ။ ကျွတ်ကျွတ်ကျွတ်! ဆက်အိပ် ဆက်အိပ်.. မောင့်ချစ်ဦးလေး အိပ်ရေးပျက်သွားရပြီ။ ဒီမောင်ကြီးကိုတော့ ခွင့်လွှတ်ပေးနော် "
တင်ပါးလုံးလေးကို လက်ဖဝါးကြီးတစ်ဖက်ဖြင့် အသာပုတ်လို့ ယုယုယယချော့သိပ်နေတဲ့ လူးလွန့်မောင်ကြောင့် ခညောင်းဦးရဲ့ အိပ်ချင်မပြေသေးတဲ့ မျက်ဝန်းများမှာ လမ်းပျောက်သွားရတော့သည်။
" ငါစိတ်မဆိုးပါဘူး မောင်ရယ်။ ဘာပဲဖြစ်ဖြစ်.. ဖုန်းက လုံးဝဆက်မရလို့ စိတ်ပူသွားတာပေါ့ "
လူးလွန့်မောင်မနေ့က နှင်းဖြူတို့မိသားစုနဲ့ ခဏတဖြုတ်တွေ့ဖို့ အသွားလမ်းမှာပဲ..၊ ဆိုက်ထဲကနေ အရေးအကြီးဆုံး ဖုန်းဝင်လာတာကြောင့် လမ်းကြောင်းဦးတည်ရာကို ချက်ချင်း ပြောင်းလဲလိုက်ရသည်။
YOU ARE READING
ငပြူးငလူး
General Fictionပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်