(Uni)
ညအိပ်ချိန် ရောက်လာပြီဖြစ်၍..၊ အခန်းအပြင်ဘက်ရှိ စင်္ကြံလမ်းတစ်လျှောက်တွင် တစ်ပွင့်တည်း ထွန်းညှိထားသော လျှပ်စီးမီးလုံးကသာ အလင်းလက်ဆုံး အရှိန်အဝါကို ဆောင်ကြဉ်းပေးနေပါသည်။
ထိုအချိန် အလင်းပျပျ ဝင်ရောက်နေတဲ့ အစွန်ဆုံးက အခန်းငယ်လေးထဲဝယ်..။
🎶
ထာဝရအဆုံးထိ နှုတ်မဆက်ပါကွယ်
ထာဝရအဆုံးတိုင် ကိုယ်တန်ဖိုးထားပါ့မယ်
မင်းလက်တွေဆုပ်ကာ
အခါခါ အဆက်ဆက်ပြောချင်တယ်
ဒီတစ်သက်လုံး နင်တစ်ယောက်တည်းချစ်ပါမယ်
🎶မှီခိုနားရာ ရင်ခွင်ကျယ်ကြီးက နွေးထွေးလုံခြုံမှုကို အပြည့်အဝ ပေးစွမ်းနိုင်သကဲ့သို့..၊ ဆုပ်ကိုင်ထားတဲ့ တွဲလက်တွေဟာလည်း တည်မြဲခိုင်မာမှုကို မလွဲမသွေ ပြယုဂ်ဖြစ်စေခဲ့သည်။
" ချစ်တယ်။ ဒီတစ်သက်လုံး.. ဒီတစ်ယောက်တည်းကိုပဲ "
ချစ်ခွန်းသီပြီးသည်နှင့် လူးလွန့်မောင်ရဲ့ အမြတ်တနိုး ပွေ့ဖက်လာမှုအကြား..၊ ခညောင်းဦး ခံနိုင်ရည်မဲ့စွာဖြင့် ဟန်ပင်မဆောင်နိုင်အောင် ငိုရှိုက်လာပြန်သည်။ ထို့နောက် ပြည့်ပြည့်ဝဝ မျက်နှာချင်း မဆိုင်ဝံ့ခဲ့တဲ့..၊ ချစ်ရသူရဲ့ ရင်ခွင်ကျယ်ကြီးဆီကို မျက်နှာမူလှည့်လျက် ပိုပိုပြီး တိုးဝင်လေတော့သည်။
" ခေါင်းကိုက်မယ်လေ အချစ်.. မငိုနဲ့တော့နော် "
တသိမ့်သိမ့်တုန်နေဆဲ ချစ်ဦးသူကို အနမ်းဖွဖွခြွေချရင်းက တိုးလျလျ နှစ်သိမ့်နေမိသူ..။
" မောင့်ကို ယုံကြည်လို့ရတယ်.. အားကိုးလို့ရတယ်.. ချစ်ပေးလို့ရတယ်။ ဒါမဲ့.. ဘယ်တော့မှ မစွန့်ပစ်ခဲ့ပါနဲ့..။ မောင်တကယ် ခံနိုင်ရည်မဲ့လွန်းလို့ပါ ချစ်ဦးလေးရာ "
" အင်း.. အင့်! ငါ တောင်းပန်ပါတယ်နော် မောင်..။ ဆင်ခြေပေးတယ်လို့လည်း.. မမြင်လိုက်ပါနဲ့..။ ငါ့မှာလေ.. အင့်! ထောက်ထားရမယ့် သူတွေကို မျက်နှာမလွှဲရက်ခဲ့တာမို့..။ ငါ့ရဲ့ ဆုံးဖြတ်ချက်တိုင်းက.. အချစ်ရဆုံးဖြစ်တဲ့ မောင့်ကိုပဲ.. အဆုံးသတ်မှာ နာကျင်စေခဲ့ရတယ် "
YOU ARE READING
ငပြူးငလူး
General Fictionပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်