Part 33

7.6K 624 66
                                    

(Uni)

တစ်နေ့ တစ်မနက်တည်းနဲ့ ခညောင်းဦး သူ့ကိုထားသွားမယ်ဆိုတာကို လူးလွန့်မောင်ကိုယ်၌က ချက်ချင်း လက်မခံနိုင်သေးပေ။ ရှုထောင့်မျိုးစုံကနေ တွေးကြည့်မိရင်လည်း လက်ခံနိုင်စရာ အကြောင်းအရင်းကို ရှာမတွေ့ခဲ့ပြန်..။

တစ်ခွန်းတစ်ပါဒမျှ မတိုင်ပင်သွားဘဲနဲ့ အသားလွတ်ကြီး ကျောခိုင်း စွန့်ခွါသွားပြီးကာမှ လိုက်ရှာပေးဖို့ကိုတောင် ခညောင်းဦးက မျှော်လင့်နေသေးသည်တဲ့..။ အကောင်သာသေးပေမယ့် ယုံကြည်မှုကတော့ ပြိုင်စံရှားဖြစ်လို့ လူးလွန့်မောင်ခမျာ အရွဲ့တိုက်ချင်စိတ်ပါ ပေါက်လာရသည်။

လိုက်မရှာဘဲနဲ့ ပစ်ထားမိရင်လည်း ရှာမတွေ့မချင်း ခေါင်းအုံးပေါ်မျက်နှာအပ်လို့ ငိုနေဦးမယ့် ခညောင်းဦးကို တွေးတွေးပြီး ဒေါသထွက်ရပြန်သေးသည်။ ထိုအခါ ခညောင်းဦးဆိုတာ ကိုင်ရတွယ်ရ တော်တော်ခက်သည့် လူဖြစ်နေမှန်းကို ယခုမှသာ နဖူးတွေ့ဒူးတွေ့ လက်ခံမိလိုက်တော့သည်။

နာရီပေါင်းများစွာတိုင်အောင် အိပ်စက်ခြင်းအခွင့် မသာသေးသည်ကြောင့် လူးလွန့်မောင်ရဲ့ လက်ရှိအခြေအနေမှာ ငိုရမလိုရယ်ရမလိုပင်။ ရူးကြောင်မူးကြောင်နဲ့ အဘယ်ကောက်ရိုးကို သွားဆွဲရမည်မှန်းတောင်မှ ဘာသာအားဖြင့် မတွေးတတ်ပါတော့ချေ။

________

ဆိုက်ကားဂိတ်ဆီကို ခြေလှမ်းကျဲကျဲလှမ်းပြီး ရောက်ရှိလာတဲ့ လူးလွန့်မောင်ကိုမြင်တော့ လင်းခန့်ကျော်က ဆိုက်ကားပေါ်ကနေ ချက်ချင်းပြန်ဆင်းပြီး မိခင်ဖြစ်သူကိုသာ အိမ်အရင် ပြန်ခိုင်းလိုက်တော့သည်။

" င.. လူးလွန့်မောင်..။ မင်း ဘယ်တုန်းကပြန်ရောက်.. "

" ဦးလေးထင်ကျော်.. ခညောင်းဦးကို ဒီမနက် တွေ့မိသေးလား "

ခပ်တည်တည်မျက်နှာထားနဲ့ နဂိုခေါ်‌ပြောနေကျ ငပြူးအစား..၊ ခညောင်းဦးဟုသာ အပြည့်အစုံ ခေါ်ဆိုလာခဲ့သူကြီးကြောင့် ဆိုက်ကားဂိတ်က တခြားသူတွေရော လင်းခန့်ကျော်ပါ ကြောင်အသွားကြလေသည်။

" ဘာလို့လဲ မောင်လူး.. "

" သူပျောက်သွားပြီ "

ငပြူးငလူးOù les histoires vivent. Découvrez maintenant