Part 13

9K 752 185
                                    

(Uni)

နေ့လယ်ခင်းကျောင်းဆင်းချိန် နီးနေပြီဖြစ်တာကြောင့် ခညောင်းဦးအတွက် ကြံရည်ချိုချိုအေးအေးလေး ပါဆယ်မှာယူရင်းက ကြံရည်တစ်ခွက်ကိုဆိုင်ထဲမှာတင် လူးလွန့်မောင် ထိုင်သောက်နေမိသည်။ ပူပြင်းလှတဲ့နေအရှိန်ကို သူ့လိုလူထွားကြီးတစ်ယောက်အနေနဲ့ အံတုဖို့တောင်မှ အမှန်ပင်မလွယ်ကူပါ။ ထိုအခါ ခညောင်းဦးလို သေးသေးပိစိလေးက နေအပူရှိန်ကြောင့် အငွေ့ပျံသွားမှာကိုပင် လူးလွန့်မောင် စိုးရွံ့နေရသည်လေ။

" ကိုဘုကြီး! ဘယ်အချိန်ရှိပြီလဲဗျ "

လူးလွန့်မောင်အမေးကြောင့် ကြံရည်ဆိုင်ပိုင်ရှင် ကိုဘုကြီးက သွက်လက်ချက်ချာစွာနဲ့ လက်မှာပတ်ထားတဲ့ နာရီအသစ်စက်စက်ကြီးကို မိုးပေါ်ထောင်ကာ ခပ်ကြာကြာစိုက်ကြည့်လိုက်သည်။

" အယ်.. ၁၂နာရီကိုမှ ၅မိနစ်နဲ့ စက္ကန့်၃၀ရှိသွားပါပြီ ခင်ဗျာ "

" အဲ့ကျောင်းကလည်း ဘာလို့ ပေးမဆင်းသေးတာလဲကွာ။ ငါ့ပြူးစိန်လေး ပင်ပန်းနေလောက်ပြီ "

ထိုအချိန် လူးလွန့်မောင်ရှိရာဆီကို တည့်တည့်မတ်မတ် လျှောက်လာနေသူတစ်ယောက်..။ ထိုလူကို မမြင်ချင်ယောင် ပြုထားသည့်ကြားမှ လူးလွန့်မောင် ထိုင်နေတဲ့စားပွဲဝိုင်းမှာတင် မျက်နှာချင်းဆိုင်ပြီး တမင်ဝင်ထိုင်လေသော်..။

" ဆို.. ဘာကိစ္စ "

ကြံရည်သောက်ရင်းက အကြည့်တစ်ချက်မစွန့်ကြဲဘဲနဲ့ လှမ်းမေးနေတဲ့လူးလွန့်မောင်ကြောင့် တပ်ထားတဲ့မျက်မှန်ကို လက်ခလယ်နဲ့ပင့်ပြရင်းက မင်းသန့်ပိုင် စပ်ဖြီးဖြီးရယ်ပြလာသည်။

" လမ်းကြုံလို့ ဝင်နှုတ်ဆက်တာပါ ကိုကိုလူး "

" ဘောကို ကိုကိုလူး.. "

" ဟ! ငါ့မှာတော့ အနှစ်နှစ်အလလ ပလစ်ခံထားရတာတောင်မှ သူငယ်ချင်းရောင်းရင်းလေးဆီ မမေ့မလျော့နဲ့ အပြေးလာတွေ့ရတာကို..။ မင်းကတော့.. "

" နားငြီးတယ်! မင်းကြံရည်သောက်မလား..။ ရော့! ငါမကုန်တော့လို့ ဆက်သောက်လိုက်.. "

" ဘောကို ဆက်သောက်ရမှာလား..။ ပေးပေး! နှမြောစရာကြီး "

လူးလွန့်မောင်တောင် ကမ်းမပေးရသေးပါဘဲနဲ့ သူ့လက်ထဲကကြံရည်ခွက်ကို ချက်ချင်း ဆွဲယူမော့သောက်လိုက်တဲ့ မင်းသန့်ပိုင်က ရေခဲတွေပါဝါးစားလို့..။

ငပြူးငလူးWhere stories live. Discover now