Part 32

5.2K 527 46
                                    

(Uni)

" ‌ဗျို့! ဆရာလူးရေ..။ ဒီညရော ကျုပ်တို့နဲ့ လာမဝိုင်းချင်ဘူးလား "

" တော်ပါပြီဗျာ။ ခင်ဗျားတို့ဘာသာပဲ ပျော်ကြတော့..! "

" ဆရာလူးကတော့ အားနာပါးနာကို မရှိဘူး..။ အမြဲ ငြင်းမယ်ဆိုတာချည်းပဲ "

" မသောက်တတ်တဲ့သူ လာထိုင်နေရင် အဆင်မပြေဘူးလေဗျာ။ ဦးလေးတို့လည်း ညမနက်စေနဲ့ဦး.. မနက်ကျ မထနိုင်ရင်တွေ့မယ် "

" ဟားဟားဟား! မအိပ်မနေ အသက်ရှည်ပါကွ။ စောနားတော့ ဆရာလူးရေ! "

သဲသောင်ပြင်ပေါ်မှာ မီးပုံ‌ပွဲအသေးလေး ကျင်းပနေကြတဲ့ အလုပ်သမားတချို့ကို ခပ်လှမ်းလှမ်းကနေ လက်ပြနှုတ်ဆက်ပြီး ယာယီတည်းခိုရာဆီသာ လူးလွန့်မောင် ဦးတည်လိုက်သည်။

ယခုအခါ တာဝန်ယူရသည့် luxury resort construction မှာ budget အများဆုံး သုံးစွဲထားရပြီး ရင်းနှီးမြှုပ်နှံကြတဲ့ ရှယ်ယာရှင်‌တွေလည်း များတာကြောင့် လူးလွန့်မောင်အတွက် ဝန်အတော်ကြီးလှပါသည်။ မနက်မိုးလင်းတည်းကနေ ညမိုးချုပ်တဲ့အထိ အလုပ်သမားရာ‌ကျော်ကို စီမံကွပ်ကဲရတာနဲ့အညီ ဖုန်းလိုင်းမိရင်မိသလို အထက်ကို နေ့တိုင်း report တင်ပြရသေးသည်။

သို့သော် လူးလွန့်မောင်က ဦးစီးဦးဆောင် လုပ်ရတဲ့နေရာမှာဆို အကျိုးသိပ်ပေးသည်ဟု ပြောရမလိုပင်..။ ထို့အပြင် အလုပ်အတော်များများတွင်လည်း မျက်ကွယ်ပြုလိုက်ခြင်းမရှိဘဲ လူးလွန့်မောင်ကိုယ်တိုင် ပါဝင်လုပ်ဆောင်တတ်တာကြောင့်..၊ သူ့လက်အောက်က အလုပ်သမားများရဲ့ လေးစားအားထားမှုကိုပါ အချိန်တိုအတွင်း ရရှိခဲ့ပါသည်။

တည်းခိုဆောင်ကို လူးလွန့်မောင် ပြန်ရောက်လာချိန်က ည ၁နာရီပင် ထိုးလုပြီဖြစ်သည်။ တစ်ခန်းတည်းအတူနေရသည့် ကားသမားထင်လင်းကတော့ တစ်ဖက်ခုတင်ပေါ်တွင် ပင်ပန်းနွမ်းနယ်စွာဖြင့် အိပ်မောကျနှင့်လေပြီ။

ဖြစ်နိုင်ရင် ယခုချက်ချင်း ခေါင်းထိုးအိပ်လိုက်ချင်ပြီ ဆိုပေမယ့် တစ်ကိုယ်လုံး ညောင်းကိုက်နေတာကြောင့် ရေအရင်ချိုးဖို့ကိုသာ ဆုံးဖြတ်လိုက်ရသည်။ ထိုအချိန်တွင် တိုက်ဆိုင်သည်ဟုပင် ဆိုရမည်လား..၊ မပြောတတ်တော့ပေ။

ငပြူးငလူးWaar verhalen tot leven komen. Ontdek het nu