Part 12

9.3K 712 265
                                    

(Uni)

ဒုန်း!

" အ! "

တစ်ကြိမ်တစ်ခါမျှ နေထွက်ချိန်ထိမအိပ်ခဲ့ဖူးတဲ့ ခညောင်းဦးခမျာ အိပ်နေရင်းကအလန့်တကြား ထထိုင်လိုက်တာကြောင့် ခေါင်းရင်းမှာကပ်ရိုက်ထားတဲ့ သစ်သားစင်လေးကို ခေါင်းနဲ့ဝင်ဆောင့်မိသွားလေသည်။ ပြတင်းတံခါးဆီ အကြည့်ရောက်ပြန်တော့လည်း မိုးတောင်စင်စင်လင်းနေပြီမို့ ပျာပျာသလဲနဲ့သာ အိပ်ရာကို အမြန်သိမ်းပြုနေရသည်။

ထိုအချိန်..။

" မေခင်ရယ်.. ဒူးကနာနေတာကို မသွားပါနဲ့လား "

" အိုကွယ်။ ငါ့မြေးအိပ်တုန်းလေးပဲ ထွက်ရောင်းရတာပါ သမီးဖြူရဲ့ "

" ကြည့်! ညောင်းလေးဆူမှာကို မကြောက်ဘူးလားလို့.. "

" အဲ့ကလေးက သူ့အဘွားကိုဒီလောက်ချစ်တာ.. မဆူပါဘူးကွဲ့ "

မျက်နှာသစ်ဖို့ အခန်းပြင်ထွက်လာရာမှ မီးဖိုခန်းထဲကနေပြီး ဒေါ်ခင်နှင်းကြည်နဲ့ ဒေါ်ဖြူဖြူမောင်တို့ရဲ့ စကားသံများကြောင့် ခညောင်းဦးခြေလှမ်းတွေက ဦးတည်ရာဘက် ပြောင်းလိုက်ရတော့သည်။

" ဘွားမေ.. ဘယ်သွားမလို့လဲ "

" ဟော! မေခင် ခိုးလုပ်မယ်ဆိုကာမှ ညောင်းလေးကနိုးလာပြီ "

ပဲပြုတ်တောင်းကြီးနဲ့အတူ မြင်လိုက်ရတဲ့ ဒေါ်ခင်နှင်းကြည်ကို ခညောင်းဦး အမေးပြုလေတော့ ဒေါ်ဖြူဖြူမောင်လည်း ပြောအားရှိပြီဆိုပြီး ချက်ချင်းတိုင်ကြားလာသည်။

" ညောင်းလေးရေ.. မေခင့်ကို ကူပြောပါဦး။ ဒီမှာမရမက ထွက်ရောင်းမယ်ချည်းလုပ်နေလို့ ကြီးမေလည်း ပြောမနိုင်တော့ဘူး "

" အိုကွယ်.. ငါ့မြေးက စာမေးပွဲနီးနေပြီကို ပဲပြုတ် ထွက်ရောင်းမနေပါနဲ့တော့..။ ဒီရက်ပိုင်းတွေ ဘွားမေပဲ ထွက်ရောင်းလိုက်မယ်နော် "

ပြောပြီးတာနဲ့ ချက်ချင်းဆိုသလိုပင် ပဲပြုတ်တောင်းကြီးရွက်ဖို့လုပ်နေတဲ့ ဒေါ်ခင်နှင်းကြည်ကို ခညောင်းဦးနဲ့ ဒေါ်ဖြူဖြူမောင်တို့က ဝိုင်းတားကြရတော့သည်။

" ဘွားမေက ဘာလို့ထွက်ရောင်းမှာလဲ.. ဒူးကနာနေတာကို..။ ကြီးမေ တစ်ချက်တားပေးထားပါနော်.. သမီးမျက်နှာ အမြန်သွားသစ်ချင်လို့.. "

ငပြူးငလူးWhere stories live. Discover now