My Bad Boy-1(Z+U)

1.8K 60 3
                                    

(Unicode)

အချိန်ကား ဆိုးလ်မြို့ရဲ့ ည 11နာရီရှိပြီဖြစ်သော်လည်း
Eldorado Clubမှာတော့ လူတွေစည်ကားနေသည်။
အတိအကျပြောရရင်လူငယ်တွေအများဆုံးရှိနေသည်။
Clubဝင်ပေါက်အဝမှာတော့
ဆံပင်အနီရောင်နဲ့
တကိုယ်လုံးall blackဝတ်ထားတဲ့ကောင်လေးတစ်ယောက်
ရပ်နေသည်။မျက်လုံးတွင်
linerခပ်ထူထူဆိုးထားပြီး
မျက်ကပ်မှန်
မီးခိုးရောင်တပ်ထားကာ နားမှာလည်း နားကပ်အလန်းတွေတပ်ထားသည်။ ထိုကောင်လေးကားတစ်စုံတစ်ယောက်ကိုစောင့်ဆိုင်းနေဟန်ရှိသည်။

နောက်တော့စိတ်မကြည်စွာ နောက်ဆုံးပေါ် Samsungဖုန်းလေးကိုထုတ်လိုက်ပြီး တစ်စုံတစ်ယောက်ကိုဖုန်းခေါ်နေသည်။

"Oh Sehun!! မင်းတို့မလာကြသေးဘူးလား ငါစောင့်နေတာနာရီဝက်ရှိတော့မယ်!!"

"Miyan Baekhyunna ဟိုကောင် Jonginလေကွာ သူ့အိမ်ကခိုးထွက်ပြီး အခုလည်းလမ်းမှာ ဗိုက်နာတာနဲ့အိမ်သာဝင်နေလို့ကြာနေတာ"

"မြန်မြန်လာ ငါ‌ေ-ာက်စိတ်မရှည်တော့ဘူး🙂"

"လာပြီ လာပြီ သားကြီးရေ"

တီခနဲမြည်ပြီးဖုန်းချလိုက်သည်။ 10မိနစ်လောက်အကြာမှာ Sehunနဲ့ Jonginက ပြိုင်ကားအပြာလေးနဲ့ရောက်ချလာသည်။
Clubထဲမှာ 3ယောက်သားဒွန့်ပြီး မောလာကြတော့ ဝိုင်းတဝိုင်းတွင်အရက်ထိုင်သောက်နေလိုက်ကြသည်။

Baekhyunသောက်နေတုန်း ဟိုဘက်ခပ်လှမ်းလှမ်းကလူတစ်စုကိုကြည့်လိုက်တော့ မြင်ဖူးသလိုလိုဖြစ်နေတာကြောင့် ဘေးကSehunကိုမေးကြည့်လိုက်သည်။
"Sehunရေ ဟိုကောင်တွေငါရင်းနှီးနေသလိုပဲ"

"ရင်းနှီးမှာပေါ့ ဟိုတပတ်ကငါတို့နဲ့ရန်ဖြစ်တဲ့ Minwooတို့အဖွဲ့လေ"

" ငါလည်းရန်ဖြစ်ရတာများလွန်းလို့မမှတ်မိတော့ဘူး"

မှန်သည်။ Byun Baekhyun,Kim Jong in,Oh Sehunတို့3ယောက်က တကယ့်ပိုက်ဆံရှိဒိတ်ဒိတ်ကြဲတွေတက်ကြတဲ့ Lotto Universityမှာတက်နေကြတာတဲ့ တက္ကသိုလ်ကျောင်းသားတွေဖြစ်သည်။ Byun Baekhyunက Light Fashionရဲ့သားဖြစ်ပြီး
အကိုတစ်ယောက်ရှိသည်။အကိုကတော့ အသက်26နှစ်ရှိပြီဖြစ်ပြီး ခုလက်ရှိအဖေ့ရဲ့အလုပ်တွေခွဲယူပြီး လုပ်ပေးနေသည်။
Oh Sehunကတော့ Oh Construction companyရဲ့သားဖြစ်ပြီး Kim Jonginကတော့
ကိုရီးယားရဲ့အကြီးမားဆုံး
K Hospitalရဲ့သားဖြစ်သည်။
သုံးယောက်လုံးငယ်ငယ်ကတည်းကခင်လာကြတာဖြစ်ပြီး
ကြီးလာတော့လည်း အဖွဲ့ကျကျပြီး ‌ဆိုးလ်မြို့တခွင်ပြဲပြဲစင်အောင် လျှောက်သွားကာ
မူးရူးလည်ပတ်ပြီး ရန်ဖြစ်နေကြဖြစ်သည်။ ဆိုးလ်တမြို့လုံး သူတို့ရန်မဖြစ်ဖူးတဲ့
ရပ်ကွက်မရှိသလောက်ပင်။ ခုလည်းဟိုတပတ်က ရန်ဖြစ်ထားတဲ့ Minwooတို့အဖွဲ့နဲ့လာ‌တွေ့နေသည်။

My Bad Boy(Z+U)Where stories live. Discover now