My Bad Boy-9 (Z+U)

404 29 0
                                    

(Unicode)

Baekhyunမနေ့ညက သူ့သူငယ်ချင်းတွေနဲ့သောက်ပြီးတော့
Chanyeolဆီမပြန်ချင်တာကြောင့် Sehunအိမ်မှာပဲအိပ်လိုက်သည်။

ညကChanyeol, KyungSoo, Luhanတို့ဆီက missed callsတွေမြင်ပေမယ့်လည်း ဘာမှပြောချင်စိတ်မရှိတာကြောင့် ဖုန်းကိုsilentလုပ်ထားပြီးအိပ်လိုက်သည်။

ဖုန်းသံတဂွမ်ဂွမ်မြည်နေသောကြောင့် Baekhyunနိုးလာရသည်။ Sehun ဖုန်းကမြည်နေခြင်းဖြစ်သည်။

Sehunကိုကြည့်လိုက်တော့ Jonginနဲ့အတူအိပ်မောကြနေဆဲဖြစ်တာကြောင့် ဖုန်းကိုသူပဲလှမ်းယူလိုက်ပြီး ဆက်တဲ့သူကိုကြည့်လိုက်တော့ ဂါယောင်း။

"Sehun မလာသေးဘူးလား ဆရာမတွေစိတ်ဆိုးနေပြီ"

"ဟိုလေ ဂါယောင်း Sehunကလေ တော်တော်နေမကောင်းဖြစ်နေလို့ဒီနေ့တရက်တော့ ခွင့်‌ယူမှရမယ်ထင်တယ်"

"ဟုတ်လား တော်တော်နေမကောင်းဖြစ်နေတာလား အာ့ဆိုငါဆရာမတွေဆီခွင့်တိုင်ပေးမယ်နော် သေချာနားခိုင်းလိုက်ဦး"

ဖုန်းကိုချလိုက်ပြီး နာရီကြည့်မိတော့ 10နာရီတောင်ထိုးနေပြီ။ လူကဘာကိုစိတ်တိုင်းမကျမှန်း ကိုယ့်ကိုယ်ကိုလည်း Baekhyunမသိ။Chanyeolအိမ်မပြန်ချင်။

ဟိုကောင်တွေမပါဘဲ ကျောင်းလည်းမတက်ချင်တာကြောင့် Sehunအိမ်မှာသာနေဖို့ဆုံးဖြတ်လိုက်သည်။
အရင်ကတည်းက
Sehunအိမ်မှာတခါတလေအိပ်တတ်သည်မလို့
သူ့အဝတ်နည်းနည်းကို Sehunအခန်းမှာထားထားသည်။

လန်းဆန်းသွားအောင်
Sehun‌ရေချိုးခန်းထဲက ရေပန်းအောက်ရေကြာကြာချိုးပြီး အဝတ်အစားလဲကာ ခုတင်ပေါ်အိပ်မောကြနေသည့် နှစ်ယောက်ကိုနိုးလိုက်သည်။

"ဟေ့ကောင်တွေ ထကြတော့ 11နာရီတောင်ထိုးတော့မယ်"

ထိုအခါ Sehunကအိပ်ချင်မူးတူးဖြင့် "ဟင် 11နာရီထိုးတော့မှာလား ကျောင်းဘယ်လိုသွားရပါ့"

"မသွားနဲ့တော့ ငါခွင့်တိုင်ပေးထားတယ် မင်းနေမကောင်းဖြစ်တယ်ဆိုပြီး"

ထိုအခါမှ Sehunကစိတ်အေးသွားပုံနှင့်

"တော်ပါသေးရဲ့ ဒါပေမယ့်ငါအကောင်းကြီးပဲ‌ကို ဘာလို့နေမကောင်းဘူးလို့ပြောလိုက်တာလဲ"

My Bad Boy(Z+U)Where stories live. Discover now