My Bad Boy-11 (Z+U)

355 26 0
                                    

(Unicode)

ခန်းမအပြင်ထွက်သွားသော Luhanနောက်ကို Baekhyunအပြေးလိုက်သွားပြီး Luhanလက်ကိုဆွဲလိုက်သည်။

Luhanကိုပခုံးကနေကိုင်ပြီး သူ့ဘက်လှည့်ခိုင်းလိုက်တော့ Luhanမျက်ဝန်းများတွင် မျက်ရည်နည်းနည်းစို့နေသည်။

"လာ ငါနဲ့လိုက်ခဲ့" လူရှင်းသည့်နေရာသို့ Luhanကိုခေါ်သွားကာ ခုံရှည်တလုံးမှာထိုင်ခိုင်းလိုက်ပြီး သူပါဝင်ထိုင်လိုက်သည်။Luhanမျက်နှာကို Baekhyunကြည့်ပြီး

"Luhan မင်းအခုလိုဖြစ်တာ Sehunကြောင့်လား"

"ငါမသိဘူး Baekhyun"

"Luhan မင်းလည်း Sehunကိုသဘောကျနေတာပဲမလား"

"ငါမသိဘူးလို့ Baekhyun"

ဘူးခံငြင်းနေသော Luhanကို
"မင်းကို Sehunကချစ်ပါတယ် Luhan"

"အချစ်ဆိုတာကို ငါမယုံကြည်ဘူး Baekhyun"

Sehunကိုသဘောကျနေတာတောင် ကိုယ့်ကိုယ်ကိုမသိသေးတဲ့ Luhanကြောင့် Baekhyun သက်ပြင်းသာချမိတော့သည်။
Sehunလည်းအဆင်ပြေချင်ယောင်ဆောင်ပေမယ့် တကယ်မပြေတာသူသိသည်။ ဒီနှစ်ယောက်နဲ့တော့ ခက်လှပါဘိ။

ညနေဘက်ရောက်တော့ Baekhyun ထမင်းစားပွဲမှာ Chanyeolတို့နဲ့အတူ ညစာစားနေတုန်း

"Baekhyun မင်းစားပြီးရင် ငါ့စာဖတ်ခန်းထဲခဏလာခဲ့"

"ဘာဖြစ်လို့လဲ"

"ပေးစရာရှိလို့"

"ဟုတ်ပြီဗျာ"

Chanyeolကအရင်စားပြီးတာကြောင့် ထမင်းစားပွဲကထပြီး စာဖတ်ခန်းထဲဝင်သွားသည်။

Baekhyunလည်း ထမင်းစားပြီးတာနဲ့ Chanyeolစာဖတ်ခန်းဆီသွားကာ တံခါးခေါက်လိုက်သည်။

"ဝင်ခဲ့ "

တံခါးဖွင့်ကာဝင်လိုက်တော့ အလုပ်စားပွဲမှာ စာရွက်စာတမ်းတွေနဲ့အလုပ်ရှုပ်နေသော Chanyeolကိုတွေ့လိုက်ရသည်။ Chanyeol ညနေက အလုပ်ကပြန်လာတော့ ခေါင်းလျှော်ထားတာကြောင့် ဆံပင်တွေကနဖူးပေါ်ကျနေသည်။ ဝတ်ထားတာကတော့ ‌ဆွယ်တာလက်ရှည်အညိုရောင်နဲ့ဘောင်းဘီရှည်အမဲနဲ့။

Suitမဝတ်ထားဘဲ အိမ်မှာပေါ့ပေါ့ပါးပါးဝတ်ထားတာတောင် Chanyeolရဲ့ချောမောမှုက ပျောက်ပျက္မသွားတာကို Baekhyunမငြင်းနိုင်။

My Bad Boy(Z+U)Where stories live. Discover now