My Bad Boy-14 (Z+U)

288 25 2
                                    

(Unicode)

စာမေးပွဲမဖြေခင်အထိမ်းအမှတ်အနေနဲ့ အား‌ေမွးရန်Baekhyunရယ် Jonginရယ် Sehunရယ် ထုံးစံအတိုင်း clubရောက်နေကြသည်။

DJသံတွေကြား ကကြပြီးမောလာတော့ ဆူညံသံတွေနဲ့ဝေးတဲ့ ထောင့်မှာရှိ‌ေနတ့ဲစားပွဲဆီပြန်လာပြီး အရက်မော့နေကြသည်။ကျောင်းကနေတန်းလာကြတာကြောင့် ကျောပိုးအိတ်တွေပါ ပါလာကြသည်။

ဝီစကီခွက်ကိုစိန်ပြေနပြေမော့နေရင်း တစုံတခုကို Baekhyunသတိရသွားသည်။သူ့အိတ်ထဲမှာထည့်ထားတဲ့ သူ့ဖုန်းကိုဖွင့်ကြည့်တော့ ဘက်ထရီကုန်နေပြီ။

"Sehun မင်းဖုန်းခဏငှားပေးဦး ဘိုးတော်ဆီဆက်မလို့ "
Baekhyun သူ့ဘေးမှာထိုင်နေတဲ့ Sehunဆီဖုန်းလှမ်းတောင်းလိုက်သည်။

Sehunက သူ့အိတ်ထဲမှသူ့ဖုန်းကိုထုတ်လာကာ Baekhyunကိုပေးလိုက်သည်။

"ရော့"

Sehunဖုန်းထဲမှာ လိုရမယ်ရမှတ်ထားတဲ့ Chanyeolဖုန်းနံပတ်ရှိတာကြောင့်အဆင်ပြေသွားသည်။

"မင်းဘိုးတော်ကိုဘယ်လိုမှတ်ထားလဲ Sehun"

"CEO Parkလို့မှတ်ထားတာ"

Sehunပြောသည့်အတိုင်း CEOလို့ရိုက်ရှာလိုက်တော့ CEO Parkဆိုတဲ့contactကထင်းထင်းကြီးပေါ်လာသည်။contactကိုနှိပ်လိုက်ပြီး Chanyeolဆီဖုန်းခေါ်လိုက်သည်။
တတီတီမြည်သံနဲ့အတူ ခနကြာတော့Chanyeolဖုန်းကိုင်လာသည်။

📞Yeoboseyo📞

📞ကျနော် Baekhyunပါ📞

📞အင်း ပြောလေ📞

📞ဒီညအိမ်ပြန်နောက်ကျမယ်လို့ဖုန်းဆက်တာ clubရောက်နေလို့📞

📞အပြန်အိမ်ကဒရိုင်ဘာလွှတ်ပေးလိုက်ရမလား📞

📞ရတယ် ပြန်တာကပြန်လာနိုင်တယ်📞

📞အရမ်းသောက်မလာနဲ့ဦး 📞

📞ဟုတ်ပါပြီဗျာ ဒါပဲ📞
Chanyeolနဲ့ Baekhyunဖုန်းပြောနေတုန်း Sehunကသန့်စင်ခန်းသွားနေတာဖြစ်တာကြောင့် Sehunအိတ်ထဲပဲBaekhyunဖုန်းကိုကိုယ်တိုင်ထည့်ပေးဖို့လုပ်လိုက်သည်။

Sehunလွယ်အိတ်ကိုဖွင့်ကြည့်တော့ ဘူးအဝိုင်းလေးတခုကိုမြင်လိုက်ရတာကြောင့် သူစပ်စုမိသည်။
မှောင်နေသောကြောင့် သေချာမမြင်ရသော်လည်း အားစိုက်ကြည့်မိတော့ မနေ့ကLuhanဝယ်လာတဲ့ ချောကလက်ဘူးလေးဖြစ်နေသည်။

My Bad Boy(Z+U)Where stories live. Discover now