My Bad Boy-5 (Z+U)

327 30 2
                                    

(Unicode)

Baekhyunညကတော်တော်နဲ့အိပ်မပျော်သည့်အပြင် မနက်ကြတော့လည်း 6နာရီကတည်းကနိုးနေ‌သည်လေ။

"ငါစောစောနိုးနေတာ အဖေသိရင်တော့ ထီထိုးတော့မှာပဲ အဲ့တာဟိုဘိုးတော်ကြောင့် 😒😒"

ရေဆာလာတာကြောင့် အောက်ထပ်ဆင်းပြီး ရေခဲသေတ္တာထဲကရေတဗူးထုတ်ကာသောက်လိုက်သည်။ရေသောက်နေတုန်း နောက်လှည့်လိုက်တော့ မြင်ရတဲ့မြင်ကွင်းကြောင့်ရေသီးကုန်သည်။

"အဟွတ် အဟွတ်"

"ငါ့ကိုမြင်တာ အဲ့လောက်လန့်သွားတာလား"

Chanyeolမနက်လေ့ကျင့်ခန်းလုပ်ပြီး ရေသောက်မလို့မီးဖိုခန်းထဲဝင်လာခြင်းဖြစ်သည်။ လေကျင့်ခန်းလုပ်ပြီးပြန်လာတာကြောင့် လက်ပြတ်အင်္ကျီ၊ အားကစားဘောင်းဘီတိုကို မလဲရသေးတာကြောင့် တုတ်ခိုင်နေတဲ့လက်မောင်းတွေကို Baekhyunကြည့်ပြီးမနာလိုဖြစ်သွားသည်။

"ငါလက်မောင်းတွေ အဲ့လောက်မိုက်နေလား Baekhyun"

"မမိုက်ပါဘူးနော် ဟွန့်" ဟုပြောကာအပြင်ထွက်မယ်လုပ်တော့ ခနကသူရေသီးထားတဲ့ရေတွေကြမ်းပြင်ပေါ်ရှိနေတာကြောင့် ခြေချော်ပြီး Chanyeol‌ပေါ်ပြုတ်ကျကာ 2ယောက်လုံးလဲပြီး Baekhyunလည်း Chanyeol လက်မောင်း‌ပေါ် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားသည်။

Baekhyun‌ ဘေးကို‌မော့ကြည့်လိုက်တော့ လေ့ကျင့်ခန်းလုပ်ပြီးပြန်လာတာကြောင့် ချွေးတွေစို့နေတဲ့မျက်နှာချောချောကိုမြင်ပြီး ရင်တွေခုန်လာပြန်သည်။

"Byun Baekhyun တော်တော်ကြည့်ကောင်းနေလား ငါ့လက်ပေါ်ကဖယ်စမ်း "

Chanyeolလက်ပေါ်ကနေ Baekhyunကမန်းကတမ်းထလိုက်သည်။

"စောစောနိုးနေရင်လည်း စာလေးဘာလေးကျက်နေပါလား"

"ကျက်ရအောင် စာမေးပွဲက မိုင်တစ်ရာလောက်ဝေးနေသေးတယ် မဖြေခင်ညမှကျက်လည်း Byun Baekhyunတို့ကအေးဆေး လွတ်လွတ်ကျွတ်ကျွတ်အောင်ပါတယ်နော်"

"လွတ်လွတ်ကျွတ်ကျွတ်ဆိုတာ အမှတ်40နဲ့လား"

"40မဟုတ်ပါဘူးဆို 41မှတ်ဗျ 41မှတ် အဲ့လို41မှတ်ရအောင်ကျက်ရတာလွယ်တယ်ထင်နေလား  1မှတ်လိုနေ‌လို့တစ်နှစ်အောက်တဲ့သူတွေမှအများကြီး 1မှတ်လိုလို့Top 1 မရတဲ့သူတွေမှအများကြီး 1မှတ်လိုနေလို့လကမ္ဘာပေါ်မသွားရတဲ့သူတွေမှအများကြီး 1မှတ်လိုနေလို့ဆုမရတာတွေလည်းအများကြီး"

My Bad Boy(Z+U)Where stories live. Discover now