My Bad Boy-13 (Z+U)

405 24 0
                                    

(Unicode)

ဒီနေ့မှာတော့ခါတိုင်းနဲ့မတူစွာ လူတွေပျော်မြူးနေကြသည်။ အကြောင်းရင်းက Valentine's dayဖြစ်နေသောကြောင့်။

ပျော်မြူးနေသောလူများသည် ရည်းစားရှိလူတန်းစားများဖြစ်တာကြောင့် Valentine's dayတွင်ပျော်ရခြင်းမှာမဆန်းသော်လည်း ရည်းစားမရှိတဲ့နှစ်တစ်သောင်းFAတွေအတွက်တော့ စိတ်ပျက်ဖွယ်အားငယ်ဖွယ်ရက်တရက်ဖြစ်လေသည်။

Baekhyunဒီနေ့မနက်လည်းထုံးစံအတိုင်း Chanyeol နဲ့KyungSooကိုအမြီးပင်မမြင်လိုက်ရ။ ရုံးသွားကြပြီတဲ့။

မနက်စာကိုစိတ်မပါစွာစားသောက်ပြီး ဒရိုင်ဘာဦးလေးကြီးနဲ့ပဲ တက္ကသိုလ်ဆီထွက်လာလိုက်သည်။
ကား‌စီးလာနေရင်း ခပ်လှမ်းလှမ်းဆီက ချောကလက်တွေရောင်းနေတဲ့ ပန်းရောင်ဆိုင်လကိုမြင်တော့ စိတ်ထဲချက်ချင်းပဲလူတယောက်ကိုသတိရသွားသည်။
~သူ့ကိုကျွေးမယ့်သူရှိပါ့မလား ငါဝယ်ကျွေးလိုက်ပါမယ်လေ~

"ဦးလေးကြီး ရှေ့ကပန်းရောင်ဆိုင်လေးမှာခဏရပ်ပေးပါဦး"

သူ့စကားအတိုင်း ဒရိုင်ဘာဦး‌ေလးကြီးကရပ်ပေးတော့ ကားပေါ်ကဆင်းကာ ဆိုင်ထဲဝင်ပြီး ချောကလက်တချို့ကိုရွေးနေမိသည်။ သူချောကလက်ရွေးနေတုန်း သူ့ဘေးမှာလူတယောက်ရောက်တာကြောင့် လှည့်ကြည့်မိတော့ ကားပေါ်ကဆင်းလာပုံရသော Luhanဖြစ်နေသည်။

"မင်းရောချောကလက်ဝယ်မလို့လား Luhan "

"အင်း မင်းကို‌စောင့်နေရင်းငါပါဝယ်ချင်စိတ်ပေါက်လာလို့"

"Sehunကိုပေးဖို့လား"
Luhanကို Baekhyunစလိုက်သည်။

"မဟုတ်....မဟုတ်ပါဘူး ငါ....ငါစားဖို့ပါ"
မျက်နှာကြီးနီပြီး အထစ်ထစ်အငေါ့ငေါ့ပြန်ဖြေလာသော Luhanကိုကြည့်ပြီး Baekhyunရီလိုက်သည်။ ထပ်တော့မစတော့ပါ။ ထပ်စမှငိုသွားရင်ကြည့်ကောင်းဦးမည်။

Baekhyunကရိုးရိုးရှင်းရှင်းသာ နာမည်ကြီးbrandထဲကလေးထောင့်ချောကလက်ပြားကိုဝယ်ပြီး Luhanက ချောကလက်အလုံးလေးတွေထည့်ထားသည့် အဝိုင်းဘူးလေးကိုယူလိုက်သည်။

ချောကလက်ဝယ်ပြီး ကျောင်းဆီလာလိုက်ကြသည်။အတန်းထဲရောက်တော့ Sehunနဲ့ Jonginကိုမတွေ့။

My Bad Boy(Z+U)Where stories live. Discover now