My Bad Boy-19 (Z+U)

440 34 5
                                    

(Unicode)


မျက်လုံးနှစ်လုံးပွင့်လာပြီးနောက် တကိုယ်လုံး အရက်နာကျခြင်းကိုခံစားနေရသော Baekhyun နိုးလာခဲ့ပြီ။ မျက်နှာကျက်မှစ၍ အခန်းပတ်ပတ်လည်ကိုမျက်လုံးနဲ့တချက်ဝေ့ခနဲကြည့်မိတော့ Chanyeol အိမ်က သူ့အခန်းဖြစ်နေကြောင်းသတိရသွားသည်။

ငါဘယ်လို‌ေရာက်လာတာလဲ။ သောက်ပြီးမူးနေတဲ့အထိပဲမှတ်မိတော့တယ်။ Sehun လိုက်ပို့ပေးတာများလား။
အတွေးများတွေးပြီး ထမလို့လုပ်လိုက်တော့ တခုခုကသူ့ခါးပေါ်ရောက်နေသလိုပင်။
ဘေးကိုကြည့်မိတော့ အိပ်မောကျနေသော Jongin ။

သူ့ခါးပေါ်ရောက်နေသောJongin ခြေထောက်ကိုဖယ်ကာ လူးလဲထမိတော့ ခေါင်းကိုအုံခဲကာကိုက်နေလေသည်။ ခြေထောက်ကိုဖယ်ကာ လူးလဲထမိတော့ ခေါင်းကိုအုံခဲကာကိုက်နေလေသည်။

"Sh*t အရက်ကောင်းကျိုးကိုမပေးတာပဲ "
တကယ်တော့ အရက်ရဲ့ဆိုးကျိုးတွေက မနေ့ညကအံ့ဩဖွယ်ရာတွေဖြစ်ခဲ့မှန်းသူမမှတ်မိသေး။

ခုတင်ပေါ်ကဆင်းပြီး မနေ့ညကသူဝတ်သွားတဲ့ အပေါ်ဝတ်ကိုရှာကြည့်တော့ ခြေရင်းမှာပုံကျနေသည်။
အပေါ်ဝတ်ကိုကောက်ယူကာ အိတ်ထောင်ထဲကသူ့ဖုန်းကိုဖွင့်မိတော့ မနက် 11နာရီကျော်နေပြီ။

ရေချိုးခန်းထဲဝင်ကာ လန်းဆန်းသွားစေရန်ရေအေးနဲ့ချိုးချလိုက်မှ ခေါင်းကြည်လာသည်။ ရေချိုးပြီးBathrobeကိုဝတ်ကာ ရေချိုးခန်းအပြင်ထွက်လာပြီးနောက် ခုတင်ပေါ်အိပ်မောကျနေဆဲဖြစ်တဲ့ Jongin ကိုနှိုးလိုက်သည်။

"Jonginထတော့ Jongin "

ထိုအခါမှ Jongin ကအိပ်မှုံစုံမွှားနှင့်နိုးလာသည်။ ပြီးတာနဲ့ လေးပင်စွာရေချိုးခန်းထဲဝင်သွားလေသည်။

Baekhyun လည်းဗီရိုဆီလျှောက်သွားကာ သူအပိုထားထားသော အဝတ်တွေကိုယူဝတ်လိုက်သည်။ ဝတ်ပြီးချင်းမှာပဲ Jongin လည်းထွက်လာကာ Baekhyun အခန်းထဲသူအပိုထားခဲ့သော အဝတ်တွေကိုယူဝတ်သည်။ ပြီးနောက်မှာတော့ နှစ်ာောက်သားအောက်ဆင်းလာလိုက်သည်။

သို့သော်ငြား........ ဘာလို့မှန်းမသိ 2ယောက်သားရဲ့စိတ်ထဲ ဒီနေ့ Chanyeol အိမ်က‌ေလထုကထူးဆန်းနေသလိုပင်။ အိမ်အကူကောင်မလေးသုံးယောက်မှာ သူတို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်။ ထိုကောင်မလေးတွေကို ကျော်လာပြီးနောက် Baekhyun နောက်ပြန်လှည့်ကြည့်လိုက်တော့ ထိုကောင်မလေးတွေက သူ့ကိုကြည့်ပြီး ပြုံးစိစိ။

My Bad Boy(Z+U)Where stories live. Discover now