My Bad Boy -20 (Z+U)

110 10 2
                                    

(Unicode)

Sehun နှင့် Jongin တို့2ယောက် ဖုန်းကြည့်ရင်း ပြုံးစိပြုံးစိလုပ်နေသော Baekhyunကိုကြည့်ရင်း မျက်စိနောက်လာကြသည်။1ပတ်လုံးလုံး သူတို့နဲ့ရှိနေတဲ့အချိန်တိုင်း ဖုန်းပွတ်ပြီး မျက်လုံးကြီးကျွတ်ကြမတတ် ဖုန်းကြည့်ကာ ပြုံးဖြဲဖြဲလုပ်နေသောကြောင့် တော်တော်လေးမျက်စိနောက်နေတာအမှန်ဖြစ်သည်။

" ဟေ့ရောင် Baekhyun"
Sehun ခေါ်တာကို Baekhyun မကြား။

" Baekhyunရေ"
Jonginခေါ်တာကိုလည်း Baekhyun မကြား။

Sehun စိတ်မရှည်ဖြစ်လာ၍ အနားမှာရှိနေသော ဆိုဖာပေါ်မှ ခေါင်းအုံးနှင့် Baekhyun ကိုလှမ်းရိုက်လိုက်တော့မှ Baekhyun တစ်ယောက် မကျေမနပ်နှင့် နှုတ်ခမ်းတဆူဆူလုပ်ကာ ရန်လုပ်လာသည်။

" Sh*t Oh Sehun!!! ဘာလို့ငါ့ကိုရိုက်ရတာလဲ စကားနှင့်ပြောရင်ရပြီကို"
Jonginကပါ ခေါင်းအုံးနှင့် Baekhyun ကိုနောက်တချက်ပြန်ထုလာကာ
"ငါတို့ခေါ်နေတာ မင်းမှမကြားတာ ဒါနဲ့ပဲတနိတယ် "

Baekhyun ကမကျေမနပ်ဖြင့်
"မင်းတို့ကွာ ကိုယ့်သူငယ်ချင်း ကြည်နူးနေတာကို အလိုက်ကိုမသိတဲ့ကောင်တွေ "

Sehunက"မင်းကရော ဘာတွေကြည့်နေလို့ ပြုံးစိပြုံးစိနဲ့ ဖြစ်နေတာတုန်း"

"ငါ့ဖုန်းကို ပြမယ် "ဟုဆိုလာတဲ့ Baekhyun က သူ့ဖုန်းကို ဝမ်းသာအားရဖြင့် Jonginနှင့် Sehun နှစ်ယောက်ကိုပြလာသည်။

"ဒီကောင် နှာဘူးပဲ မင်း Stalker လား"
Baekhyun ဖုန်းထဲမှ ထောင်ချီသော Chanyeolရဲ့ပုံတွေကိုမြင်ပြီး Sehun နှင့် Jongin တို့မျက်လုံးတွေကမ်းချင်စိတ်ပေါက်သွားသည်။

"ဘာလို့ Stalker ဖြစ်ရမှာလဲ ခိုးကြောင်ခိုးဝှက်လုပ်တာမှ မဟုတ်တာ သူ့ရှေ့ပေါ်တင်လုပ်တာပဲကို သူလည်းသိနေတာပဲ"

" ဒါပေမယ့်လည်း မင်းသူ့ကိုတရားဝင်လိုက်မယ်လို့ပြောခဲ့တာ 1ပတ်ပဲရှိသေးတာလေ 1ပတ်အတွင်းကို ပုံကဒီလောက်တောင်များတာလား"

" ငါလည်းအစက နဲနဲပါးပါးပဲရိုက္မလို့ပါကွာ ဒါပေမယ့်လည်း မင်းတို့သိလား Park Chanyeolကလေ နှစ်ချို့ဝိုင်သောက်နေရသလိုပဲ သောက်လေလေ စွဲသလိုလိုဖြစ်သလို့ သူပုံတွေကြည့်ရတာလည်း ကြည့်လေလေ ကြည့်မဝဖြစ်တာမလို့ ရိုက်ရင်းနဲ့ဒီလောက်များသွားတာပါနော်"

You've reached the end of published parts.

⏰ Last updated: Apr 17 ⏰

Add this story to your Library to get notified about new parts!

My Bad Boy(Z+U)Where stories live. Discover now