My Bad Boy-8(Z+U)

370 27 0
                                    

(Unicode)

ဂျီယွန်းဆိုသည့် အမျိုးသမီးနှင့် Chanyeol ၊KyungSooတို့
ဧည့်ခန်းမှာစကားပြောနေကြသောကြောင့်
Baekhyun နဲ့Jonginအိမ်ပေါက်ဝနားမယောင်မလည်လုပ်ကာခိုးနားထောင်နေသည်။

"နင့်ယောကျာ်းနဲ့အဆင်ပြေတယ်မလား ဂျီယွန်း" မေးလိုက်သူက KyungSoo။

"ငါသူနဲ့ကွာရှင်းခဲ့ပြီ ဒီညနေပဲကိုရီးယားရောက်တာ Chanyeollieကိုတွေ့ချင်လွန်းလို့ ဒီကိုအရင်လာလိုက်တာ" ဟုပြောကာ Chanyeolဘက်လှည့်လိုက်ပြီး
"Chanyeollieကရင့်ကျက်လာတာကလွဲရင် အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘူး"

Chanyeolကတော့ဘာမှဝင်မပြောဘဲ နားပဲထောင်နေသည်။

"နင်လေယာဉ်စီးလာရတော့ ခရီးပန်းနေမှာပေါ့ နားသင့်တယ်"

"Chanyeollieမျက်နှာလေးမြင်လိုက်ရတော့ ငါကျေနပ်ပါပြီ ငါနောက်မှထပ်လာခဲ့မယ်"

အိမ်ပေါက်ဝထိ ဂျီယွန်းကို KyungSooပြန်ပို့ပေးပြီးနောက် အိမ်ထဲပြန်ဝင်လာကာ
Chanyeolနဲ့စာဖတ်ခန်းထဲအတူဝင်သွားသည်။

စာဖတ်ခန်းထဲရောက်တော့
"မင်းအခုဘယ်လိုလုပ်မလဲ သူမင်းကိုစိတ်မပြတ်သေးဘူးထင်တယ် Chanyeol"

"ဘယ်လိုလုပ်ရမလဲ ငါလည်းမသိတော့ဘူး ခုထိငါသူ့ကိုချစ်သေးလားဆိုတာမသေချာဘူး KyungSoo"

KyungSooသက်ပြင်းသာချမိသည်။

ဂျီယွန်းပြန်သွားတော့ Jonginနဲ့ Baekhyun ပန်းခြံလေးထဲကခုံမှာထိုင်နေတုန်း Jonginက
"အဲ့ဂျီယွန်းဆိုတဲ့တစ်ယောက်က CEO Parkနဲ့တော်တော်ခင်မယ့်ပုံပဲနော်" Baekhyun

"သူ့ရည်းစားဟောင်း"

"ဟမ်" Jonginအံ့ဩသွားသည်။

Baekhyunထပ်ပြောလာသည်။
"အဲ့ဂျီယွန်းဆိုတဲ့တယောက်က Park Chanyeolသိပ်ချစ်ခဲ့ဖူးတဲ့ သူ့ရည်းစားဟောင်း"

Baekhyunမျက်နှာကို Jonginသေချာကြည့်မိတော့ တခုခုကိုစိုးရိမ်သလိုအရိပ်အရောင်တွေမြင်ရတာကြောင့်
Jonginအံ့ဩသွားရပြန်သည်။ ဒီလိုအရိပ်အရောင်မျိုး Baekhyunမျက်နှာပေါ်မမြင်ရတာကြာခဲ့လှပြီ။ ဒီကောင်တခုခုကိုစိုးရိမ်နေတာပဲ။

……………………

Luhan နဲ့Baekhyunဒီနေ့ကျောင်းကိုစောစောရောက်နေကြလေသည်။Baekhyunမှာ
မနေ့ကကိစ္စကြောင့် စိတ်ရှုပ်သလိုဖြစ်ကာမှောက်အိပ်နေသည်။
ခနကြာတော့ Sehunရောက်လာပြီး Farewellကိုတပတ်တိုးလိုက်တာကြောင့် မနက်အတန်းမတက်နိုင်တော့ကြောင်းပြောသည်။

My Bad Boy(Z+U)Where stories live. Discover now