My Bad Boy-4 (Z+U)

395 46 0
                                    

(Unicode)

Baekhyun တယောက်သူ့သူငယ်ချင်းတွေနဲ့မုန့်စားပြီး Luhanကိုသူ့အိမ်ပြန်ပို့ပြီးနောက်
သူလည်းအဖေတို့ဆီပြန်လာလိုက်သည်။
အိမ်ရောက်တော့ ရုံးပိတ်ရက်ဖြစ်တာကြောင့် အကုန်လုံးအိမ်မှာရှိနေသည်။Baekhyun ဆိုဖာမှာဝင်ထိုင်လိုက်တော့

"ဘယ်သူပါလိမ့် ကြားရက်ထဲအိမ်ကိုတခါမှမလာတဲ့ ဖေ့သားလေးပါလား CEO Parkအိမ်မှာတော်တော်ပျော်နေပုံပဲ"

"မပျော်ပါဘူး ဖေဖေရာ စည်းကမ်းတအားကြီးတယ် ဇီဇာကလည်းကြောင်တာ အဲ့ဘိုးတော်က"

‌Baekhyunအမေက Baekhyunခေါင်းကို ဂွက်ခနဲခေါက်ပေးလိုက်တော့
"အား မေမေကလည်းနာတယ်ဗျ ဘာလို့ခေါင်းခေါက်ရတာတုန်း မတော်လို့ဦးနှောက်မကောင်းဘဲ စာမကျက်နိုင်ရင် ဘယ်လိုလုပ်မလဲ"

"Hyunလေးကအရင်ကရော စာကျက်လို့လား" ဟုBaekhyunအကိုက ပြောလာသည်။

"41မှတ်ရအောင်တော့လုပ်ပါတယ်နော် Hyungကလည်း"

"သူများကိုများဘာဘိုးတော်လဲ Chanyeolလေးကို ငါကသမက်တော်ချင်တာနော်"

"Chanyeolလေးတဲ့လား မေမေရာ မနောက်ပါနဲ့🤢🤢"

"မင်းဒီညဒီမှာပဲအိပ်မှာလား"

"ဟုတ်တယ် ဖေဖေ Park Chanyeolအိမ်မှာဆို မနက်စောစော 7နာရီထရတာ သူ့နာရီကလည်း10မိနစ်မြန်တော့ 7နာရီမထိုးခင်ထရတာ အိပ်ရေးတွေလည်းပျက်လှပါပြီ ဖေဖေရာ"

"7နာရီကိုများစောတယ်လုပ်နေသေးတယ် တကယ့်လူတွေက 7နာရီဆိုထကြပြီ"

"ဒါဆို သားကအရင်ကလူမဟုတ်ဘူးပေါ့😕😕"

"လူဟုတ်မဟုတ် မင်းဘာမင်းသိမှာပေါ့ မွေးတုန်းကတော့ လူမွေးထားတာပဲ မင်းအခုထိုင်နေတဲ့ပုံကိုမင်းဘာမင်းကြည့်လိုက်ဦး ကျောရိုးပျောက်သွားတာလား ပျော့ခွေနေတာပဲ "

"ဖေဖေရာ ကိုယ့်သားကိုတအားဖဲ့ရက်တာပဲ"

"မင်းဟိုမှာနေရင်း ရန်မဖြစ်နဲ့နော် ငါမျက်နှာမပျက်ချင်ဘူး"

"ဟုတ်ပါပြီ ဖေဖေရဲ့ ဒါနဲ့ မေမေရေ"
Baekhyun အမေ Baekhyunခေါ်သံကိုကြားပြီးမျက်ခုံးပင့်သွားသည်။ရုပ်ကြည့်လိုက်တော့လည်း သူလိုချင်တာရှိရင်တောင်းနေကြပုံစံဖြစ်တဲ့ ချစ်စရာပုံလေးနဲ့လုပ်ပြနေသည်။

My Bad Boy(Z+U)Waar verhalen tot leven komen. Ontdek het nu