My Bad Boy-15 (Z+U)

358 28 2
                                    

(Unicode)

"Han ပါးစပ်လေးဟပါဦး အာ....."

"Hunကလည်းလူတွေရှိနေတယ်လေကွာ"
ပါးစပ်ကသာ ငြင်းနေပေမယ့် ပါးစပ်ထဲကိုတော့ Sehunခွံ့ကျွေးတဲ့ sushiလေးရောက်သွားပြီဖြစ်သည်။

"Han ဘာလို့အဝေးကြီးနေနေရတာလဲ ကိုယ့်နားလာခဲ့"

"မဝေးပါဘူး Hunကလည်း"
တခြားသူတွေကြားရင် Luhanနဲ့Sehunသိပ်များဝေးနေတာလားထင်မှာပေမယ့် တကယ့်တကယ်မှာတော့ ခုံချင်းကပ်ထိုင်နေကြပြီး Sehunကလည်း Luhan ကိုကလေးလေးတယောက်ယောက်လို ရင်ခွင်ထဲထည့်ထားချင်တာဖြစ်သည်။

မနက်ကအဆင်ပြေပြီး နေ့လယ်စာစားတဲ့အချိန်မှာSehunက အရမ်းကိုအဖြစ်သည်းပြနေသည်။

Sehunနဲ့ Luhanရှေ့မှာတော့ တူကိုကိုက်ပြီးမျက်မှောင်ကြီးကျုံနေသော Jonginနဲ့ စားပွဲပေါ်မေးထောက်ပြီးစိတ်ပျက်လက်ပျက်ဖြစ်နေသော Baekhyunကိုတွေ့ရမည်ဖြစ်သည်။

"Baekhyun သူတို့နှစ်ယောက်ကငါတို့ကိုမမြင်တာလား"

"ကန်တင်းတခုလုံး သူတို့နှစ်ယောက်ပဲရှိတယ်ထင်နေကြတာနေမှာ"

"စောက်အတွဲတွေ မီဝေါ့"

ဒီစကားကိုတော့ Sehunကြားဖြစ်အောင်ကြားလိုက်သည်။

"ဘာစောက်အတွဲတွေမီဝေါ့လဲ ကိုယ့်ဘာသာကိုအဖြစ်မရှိလို့ရည်းစားမရကြတာကို"

"အပူတွေမရှာချင်လို့ ရည်းစားမထားတာပါနော်"

"မင်းပြောတာမှတ်ထားနော် Baekhyun မင်းလက်ထပ်တဲ့နေ့လက်ဖွဲ့မပေးဘဲ အလကားလာစားပြမယ်"

"ငါတို့နှစ်ယောက်ကျေးဇူးကြောင့် Luhanနဲ့အဆင်ပြေသွားတာကိုများ ကျေးဇူးကန်းပြဦးမှာတဲ့"

"မင်းတို့နှစ်ယောက်ကျေးဇူးပါပေမယ့် ငါကအကြိုးစားရဆုံးပါနော်"

"ကြိုးစားရတာဟုတ်လား ကြိုးဘယ်နှစ်ခွေလောက်စားပစ်လိုက်လဲ"

တယောက်တခွန်းစကားနိုင်လုနေကြသော Baekhyunတို့ကို Luhanက
"တော်ကြပါတော့ မင်းတို့ကလည်းHunကိုမပြောပါနဲ့တော့"

"Hun Hunနဲ့ ဘာလဲ ကားဟွန်းလား Luhan"

"တော်ပြီကွာ ငါ့ချစ်သူလေးLuhanတားလို့ မင်းတို့နဲ့စကားနိုင်မလုတော့ဘူး"

My Bad Boy(Z+U)Where stories live. Discover now