My Bad Boy-16 (Z+U)

438 33 10
                                    

(Unicode)

ဒီနေ့ကျောင်းကန်တင်းရဲ့နေ့လယ်စာစားပွဲမှာ Baekhyunတို့တိတ်ဆိတ်နေကြသည်။ အကြောင်းရင်းက စာလုပ်ရင်းနေ့လယ်စာစားနေတဲ့ Luhanကြောင့်ဖြစ်သည်။ Sehunမှာလည်း ခါတိုင်းလို Luhanကို စကားမပြောရဲဘဲ အေးဆေးစားနေသည်။

"Luhanက တကယ်စာဂျပိုးနော် "
စာကိုမှတ်နေတဲ့Luhanကိုကြည့်ရင်း Jonginက သူ့ဘေးနားထိုင်နေတဲ့ Baekhyunနားနားကိုကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

"တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး HyperနားနီးHyperလေ Jongin "

"Hyperလို့ပြောရအောင် ငါတို့ထဲဘယ်သူက Hyperမလို့လဲ "

"ငါတို့ကHyperမဟုတ်ပေမယ့် သူ့အိမ်မှာ Hyperနှစ်ယောက်တောင်ရှိတာလေ  "

"ဘယ်သူတွေတုန်း "

"ဘိုးတော်နဲ့KyungSoo Hyungနဲ့ "

"CEO Parkက Hyperဆိုတာငါယုံပေမယ့် သူ့အတွင်းရေးမှူးကရော Hyperလား "

"ဟုတ်ပါ့ တက္ကသိုလ်မှာတုန်းက Roll 1တဲ့ "

"ဘာ!!! "
Jonginရဲ့ အောင်မြင်လှတဲ့အသံကြောင့် ဘေးဝိုင်းတွေကပါလှည့်ကြည့်လာပြီး Luhanကလည်းသူ့ကိုကြည့်လာသည်။ Sehunမှာတော့ စာကြိုးစားနေတဲ့ သူ့ချစ်သူလေးအနှောင့်ယှက်ဖြစ်သွားပြီး စင်ရော်မျက်ခုံးတွေနဲ့အတူ ဓားပမာထက်နေတဲ့အကြည့်နဲ့ Jonginကိုစူးရဲစွာကြည့်ပေးလိုက်သည်။

"တိုးတိုးပြောလေ Kim Jongin "
Sehunရဲ့အံကြိတ်သံကြောင့် Jonginလည်း

"ဆောရီး ငါအသံလျှော့ပေးပါမယ် "
ထိုအခါမှ Luhanလည်းစာပြန်ကြည့်နေသလို Sehunလည်းသူ့နေ့လယ်စာသူဆက်စားနေသည်။
Jonginလည်း Baekhyunနားနားကပ်ကာ

"တကယ်ကြီးလား အဲ့တစ်ယောက်က Roll 1ဆိုတာ "

"အေးဆို "

Jonginစိတ်ထဲမှာတော့ သူ့ The Whole Korea Firstရသလိုပင် ပျော်သွားကာ ရင်ထဲလိပ်ပြာအကောင်တစ်သန်းလောက်ပျံသန်းနေသလိုဝမ်းသာမှု‌ေတွဖြစ်‌ေပါ်လာသည်။

~အဲ့Hyungက Roll 1တဲ့လား~

နေ့လယ်စာစားပြီးအတန်းပုံမှန်တက်ပြီးတော့ ညနေကျောင်းဆင်းချိန်ရောက်လာပြီ။
Baekhyunနဲ့ Luhanလည်းအိမ်ပြန်ကြပြီး ရေမိုးချိုးကြသည်။ 5နာရီခွဲအချိန်မှာတော့ Chanyeolတို့ပြန်ရောက်လာပြီမလို့ ညနေစာစားကြသည်။

My Bad Boy(Z+U)Where stories live. Discover now