My Bad Boy-10 (Z+U)

457 30 0
                                    

(Unicode)

စနေ‌ေန့ဖြစ်ပေမယ့် Baekhyun ထုံးစံအတိုင်းမနက်7နာရီကတည်းကနိုးနေပြန်ပြီ။ လက်ကအော်တို ခုတင်ဘေးကစားပွဲပေါ်တင်ထားတဲ့ဖုန်းဆီရောက်သွားပြီး ဖွင့်ကြည့်ပေမယ့် ဘာnotiမှမတွေ့။ စိတ်အလိုမကျတာကြောင့် ခုတင်ပေါ်ကမထဘဲ ဂိမ်းဆော့နေလိုက်သည်။

8နာရီလောက်ရောက်တော့ မျက်နှာသစ်သွားတိုက်ပြီး အောက်ထပ်ဆင်းလာလိုက်သည်။ Baekhyunအဖေနဲ့အကိုက မနက်စာစားပြီးပြီဖြစ်တာကြောင့် ဧည့်ခန်းကဆိုဖာပေါ်မှာထိုင်ပြီး စီးပွားရေးအကြောင်းတွေပြောနေကြသည်။

Baekhyunထမင်းစားခန်းထဲဝင်လာတော့ Baekhyunအမေက

"သားနိုးပြီလား ဘာလုပ်‌ေပးရမလဲ"

"ကော်ဖီလေးဖျော်ပေးပါလား မေမေ"

"ခဏစောင့်နော် သား"

ကော်ဖီဖျော်ပြီးBaekhyunရှေ့ချပေးလာတော့ Baekhyunက စားပွဲ‌‌ေဘးကပ်ထားတဲ့ပေါင်မုန့်ထုတ်န့ဲ စတော်ဘယ်ရီယိုဘူးကိုလှမ်းဆွဲကာ ပေါင်မုန့်တချပ်ထုတ်ပြီး စတော်ဘယ်ရီယိုသုတ်လိုက်သည်။ကော်ဖီလေးသောက်လိုက် ပေါင်မုန့်စားလိုက်လုပ်နေသော Baekhyunကို Baekhyunအမေက

"ဒီနေ့ကျောင်းပိတ်ရက်ဆိုတော့ သားဘယ်သွားစရာရှိလဲ"

"မပြောတတ်ဘူး အိမ်မှာပဲနေဖြစ်မယ်ထင်တယ် မေမေ"

ပေါင်မုန့်တကိုက်ကိုက်ပြီးပြောလာသော Baekhyunကို Baekhyunအမေကြက်သွန်ဖြူခွာနေရာမှ မျက်ခုံးပင့်ကြည့်မိသည်။ခါတိုင်း ကျောင်းပိတ်ရက်တွေဆို အိမ်မှာကပ်လေ့မရှိဘဲ တနေ့လုံးအပြင်လည်နေတတ်သည့် Baekhyunက ဒီလိုပြောလာတော့ ထူးဆန်းနေသည်။Baekhyunကလည်း သူ့အမေကိုရိပ်မိသည့်အလား

"ဟိုကောင်တွေမအားလို့ပါ မေမေရဲ့"

"ဟုတ်ပါပြီရှင်"

Baekhyun မနက်စာစားပြီး အပေါ်ထပ်သူ့အခန်းထဲပြန်တက်လာကာ ခုတင်ပေါ်ပစ်လဲပြီး ဖုန်းပွတ်နေလိုက်သည်။ဖုန်းပွတ်နေတုန်း ဖုန်းတခုဝင်လာသည်။ contactက ဘိုးတော် ဟုမှတ်ထားသည့်contactလေး။

Baekhyunသူကိုယ်တိုင်သတိမထားမိဘဲ ဖုန်းကိုင်မိသွားတာကြောင့် သူ့ကိုယ်သူစိတ်ထဲကကျိန်ဆဲလိုက်သည်။အနဲဆုံးတော့ missed call 10ခုလောက်ဖြစ်အောင်စောင့်သင့်တာကို။

My Bad Boy(Z+U)Where stories live. Discover now