My Bad Boy-7 (Z+U)

334 35 1
                                    

(Unicode)

Baekhyunကျောင်းမသွားသည့်တပတ်လုံး Jonginကပုံမှန်လာပေးသလို Sehunကလည်း ညတိုင်းဖုန်းဆက်ပေးသည်။

Baekhyunအိမ်မှာ ဒဏ်ရာ‌တွေကြောင့်နားနေရင်း
ခြေထောက်ကလည်းသက်သာပြီဖြစ်တာကြောင့်
လှေကားအတက်အဆင်းလုပ်နိုင်နေပြီဖြစ်သည်။ သောကြာနေ့ညနေမှာ Luhanတို့နဲ့ထမင်းစားနေရင်း Chanyeolစကားစလာသည်။

"Luhan နက်ဖြန်မင်းသူငယ်ချင်းတွေကို အိမ်မှာနေ့လယ်စာလာစားခိုင်းလိုက်ဦး"

"Sehunနဲ့ Jonginလား"

"ဟုတ်တယ် Sehunနဲ့ကငါဟိုတခေါက်ကစကားပြောဖူးပေမယ့် Jonginနဲ့မပြောဖူးသေးဘူး"

"ဟုတ် ကိုကြီး ကျနော်သူတို့ကိုပြောလိုက်ပါမယ်"

"Baekhyunမင်းသက်သာရင် လာမယ့်အပတ်အတန်းပြန်တက်ရမှာနော် သိတယ်မလား"

"ခြေထောက်ကနဲနဲနာသေးတယ်ဗျ"

"မဟုတ်တာတွေမပြောစမ်းနဲ့ ခနကဝက်နံရိုးပေါင်းဆိုတဲ့အသံကြားတော့ ခုန်ပေါက်ပြီးပြေးဆင်းလာတာ ဘယ်သူလဲ မြေတောင်ပြိုမတတ်ခုန်ဆင်းလာတာ"

KyungSoo Hyung နဲ့Luhanက Chanyeolစကားကြောင့် ရီမိကြသည်။

"ဒါကတော့ ဒါပေါ့"

"အတန်းမတက်ရင်သိတယ်နော် လကုန်ထိဘာမုန့်ဖိုးမှမရဘူး"

"တက်ရင်ပြီးရောမလား" ဟုBaekhyumဆူပုတ်ပုတ်ဖြင့်ပြန်ပြောလိုက်သည်။

ညအိပ်ရာဝင်ခါနီး gp chatထဲ Jongin နဲ့Sehunကို နက်ဖြန်နေ့လယ်စာလာစားဖို့ပြောတော့ Jonginကညီးတွားလာသည်။

Luhan: Jongin နဲ့ ကြက်တူရွေး ငါ့ကိုကြီးကမင်းတို့ကိုနက်ဖြန်အိမ်မှာနေ့လယ်စာကျွေးမလို့တဲ့ လာကြနော်

Jongin: သူ့ကိုမတွေ့ရဲလို့ မနက်တိုင်းသူအလုပ်သွားမှ Baekhyunဆီလာတာကို နက်ဖြန်တွေ့ရတော့မှာပေါ့

Baekhyun :ဖိုက်တင်း Jonginna

Sehun: နောက်ဆုံးတော့ ကိုယ့်ရဲ့ယောက်ဖဖြစ်လာမယ့် Hanရဲ့Hyungနဲ့ တဝိုင်းထဲထမင်းစားလို့ရပြီနော်

Baekhyun: စကားနဲ့အရမ်းအသားယူတတ်တာပဲ Oh Sehun😑😑😑
Luhanနဲ့ကဖြင့် ရည်းစားတောင်မဖြစ်သေးဘူး။စကားနဲ့အသားယူနေပြီ။

My Bad Boy(Z+U)Место, где живут истории. Откройте их для себя