My Bad Boy-18 (Z+U)

305 27 11
                                    

(Unicode)

Baekhyun မနေ့ကသောက်တာများသွားသောကြောင့် ဒီနေ့တော်တော်နဲ့မထဖြစ်။ Chanyeol ကလည်းစာမေးပွဲပြီးထားတာမလို့ အိပ်ချင်သလောက်အိပ်ပါစေဆိုပြီးဘာမှမပြော။

Baekhyun နိုးလာတာနဲ့ ခုတင်ဘေးကနှိုးစက်နာရီကိုကြည့်မိတော့ 9နာရီခွဲနေပြီ။ သို့ပေမယ့်သူမထသေး။ ဒီနေ့ မနက်11နာရီ သူ့အစ်ကိုလာကြိုမည်ဟုပြောထားသော်လည်း Baekhyun ခုတင်ပေါ်မှာနပ်နေဆဲ။ မသိတဲ့သူဆိုလျှင် Chanyeol နှင့်သူတသက်လုံးခွဲရတော့မည်ဟုထင်ရလောက်အောင် Baekhyun ကြေကွဲနေသည်။ ကျောင်းပြန်ဖွင့်လျှင် Chanyeol သူ့ကိုပြန်ခေါ်မည်ကိုသိသော်လည်း ဒီ2လကြီးကိုသူဘယ်လိုဖြတ်ကျော်ရပါ့မလဲ။

"ကျောင်းမပိတ်ရင်ကောင်းမှာကွာ "
10နာရီထိုးတာနဲ့ အိပ်ရာထပြီး အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ Chanyeol, Luhan နဲ့ Kyungsoo တို့ရှိနေသည် ။Chanyeol, Luhan နဲ့ Kyungsoo တို့ရှိနေသည် ။

" Morning Baekhyun"
Luhan က အိပ်မှုန်စုန်မွှားဖြစ်နေတဲ့ Baekhyun ကိုနှုတ်ဆက်လာသည်။

" ထမင်းစားခန်းထဲ Kyungsoo Hyungချက်ပေးထားတဲ့ အမူးပြေဟင်းရည်သွားသောက်လိုက်ဦး"

"အိုကေ "
Baekhyun ထမင်းစားခန်းထဲရောက်ပြီး ဟင်းရည်သောက်နေတုန်း Jongin ကပါရောက်လာသည်။
Jongin ကထမင်းစားပွဲမှာဝင်ထိုင်ရင်း

" မင်းအိမ်ကလာကြိုမှာလား Baekhyun"

" အင်း မင်းကရောဘယ်ချိန်ပြန်မှာလဲ"

" အခုစားပြီးတာနဲ့ ပြန်တော့မှာ ပြောသာပြောရတာငါကမပြန်ချင်ဘူး"

"ဘာလို့လဲ "

"အိမ်မှာဆို အပြောပဲခံနေရတာ ဒီမှာကပုံမှန်ထရတာကလွဲရင် အကုန်အိုကေတယ် မင်းကတော့ကံကောင်းတာပဲ ဒီမှာလာနေရတာ"
Jongin ပြောလိုက်တဲ့ နောက်ဆုံးနှစ်ကြောင်းက တခြားအစိပာယ်လည်းပါနေလေသည်။
သူBaekhyunကိုတကယ်အားကျလှသည်။ သူသာ Baekhyun လိုနေခွင့်ရခဲ့မယ်ဆိုရင် မနက်လင်းတာနဲ့ Kyungsoo Hyung ကိုမြင်တွေ့နိုင်မည်ဖြစ်သည်။

သူတို့နှစ်ယောက်စားသောက်လို့ပြီးတာနဲ့ ကိုယ့်အခန်းကိုဝင်ကာ အထုပ်အပိုးတွေသိမ်းဆည်းကြသည်။
Baekhyun သူ့အစ်ကိုလာကြိုသည်ကို မှန်ပြတင်းမှတဆင့်မြင်လိုက်ရပေမယ့် အချိန်ဆွဲပြီး အထုပ်သိမ်းဆည်းနေလိုက်သည်။

My Bad Boy(Z+U)Where stories live. Discover now