My Bad Boy-6 (Z+U)

327 30 0
                                    

(Unicode)

"နှင်းဆီဖြူတွေကိုမြတ်နိုးတဲ့ ကိုယ့်ရဲ့ဂျီယွန်းလေး "

Baekhyunအသံထွက်ဖတ်မ်ိသည်။

ရေးထားပုံအရ သူ့ရည်းစားဟောင်းအကြောင်းဖြစ်မယ်မှန်းချက်ချင်းသိလိုက်သည်။

Baekhyunစာအုပ်လေးကိုပိတ်ကာ သူ့နေရာနဲ့သူလက်ရာမပြတ်ထားပြီး သူ့အခန်းဆီပြန်လာလိုက်သည်။
ခုတင်ပေါ်ပြန်လှဲရင်း နှင်းဆီဖြူတွေမြတ်နိုးတဲ့ ကိုယ့်ရဲ့ဂျီယွန်းလေးဆိုတာကို အသံထွက်ပြောနေမိသည်။

အဲ့ဒါကြောင့် သူဟိုညက နှင်းဆီဖြူတွေကြည့်ပြီးပြုံးနေတာလား။
သူ့ကောင်မလေးကိုချစ်နေသေးတာလား။
သူစိတ်မပြတ်သေးဘူးလား စသည့်မေးခွန်းများက Baekhyunခေါင်းထဲအစီအရီပေါ်နေသည်။

Baekhyunတွေးရင်းတွေးရင်း ဘာကိုစိတ်တိုလာမှန်းမသိဖြစ်လာကာ သူ့ကားသော့ကိုဆွဲပြီးအောက်ထပ်ဆင်းလာသည်။ ကားဂိုထောင်ထဲက သူ့ကားကိုထုတ်ကာ barတခုစီသွားလိုက်သည်။

Barမှာ သူဘယ်လောက်သောက်မိနေမှန်းသူ့ကိုယ်သူတောင်မသိ။ သောက်တာများနေပေမယ့်သူမမူးသေး။ သူသောက်နေတုန်း သူ့ဘေးနားလူတအုပ်ရောက်လာကာ သူသောက်နေတဲ့ခွက်ကိုလှစ်ခနဲဆွဲယူလိုက်သည်။

"သောက်နေတာများနေပြီကောင်လေး"

"ဘယ်လောက်သောက်သောက် ခင်ဗျား‌ောက်ပူမပါဘူး ဆွဲမထိုးမိခင် ဂျောင်းလိုက်တော့"

"ကိုယ်ကမင်းလေးနဲ့ခင်ချင်တာပါ"

Baekhyunသူ့ဘေးကလူကိုလှည့်ကြည့်လိုက်ပြီး ရုတ်တရက်ထကာဆွဲထိုးလိုက်သည်။
ပြီးတော့စိတ်ရှိလက်ရှိ အသိစိတ်ပျောက်လုနီးပါးဖြစ်ကာထိုး‌နေမိသည်။
သို့သော်ထိုလူကသူ့အဖော်တွေပါ ပါလာသောကြောင့် သူ့အဖော်တွေက Baekhyunကိုအုပ်လိုက်ကြီးဝိုင်းကာပြန်ထိုးကြသည်။

Baekhyunတိုက်ကွမ်ဒိုခါးပတ်နက်ရထားသည်မှန်သော်လည်း အရက်သောက်ထားသောကြောင့်မမူးလျှင်တောင် ရီဝေဝေဖြစ်နေသောကြောင့် ထင်သလောက်ပြန်မချနိုင်။ Barမှာတော့ ရန်ပွဲတခုဖြစ်သွားပြန်ပြီ။

Chanyeolမှာ ကုမ္ပဏီကပြန်ရောက်ရောက်ချင်း အနားယူမလို့ကြံတုန်း Baekhyunရန်ဖြစ်ပါသည်ဟု ရဲစခန်းကဖုန်းဆက်လာသောကြောင့် KyungSooနဲ့အတူရဲစခန်းပြေးရပြန်သည်။

My Bad Boy(Z+U)Where stories live. Discover now