My Bad Boy-17 (Z+U)

244 23 13
                                    

(Unicode)

ဒီနေ့ canteen မှာ တော်တော်တိတ်ဆိတ်နေလေသည်။ အကြောင်းအရင်းကဒီလိုဖြစ်သည်။ နှစ်တစ်သန်းမှာတစ်ခါတောင်တွေ့ရဖို့ခက်ခဲသော ထူးခြားဆန်းကြယ်မှုကြီးတစ်ခုကြောင့်ဖြစ်သည်။

ခါတိုင်းဆိုလျှင် စာကို ဘဝအဆက်ဆက်ရန်ငြိုးရှိလာသော ရန်သူသဖွယ်သဘောထားသော Baekhyunရော ၊ Jonginရော၊ Sehunရော စာအုပ်ကိုယ်စီနဲ့ နေ့လယ်စာစားရင်း စာကျက်နေကြသောကြောင့်ဖြစ်သည်။

Canteen မှာ ပုံမှန်ဆိုလျှင်ဆူညံနေကြဖြစ်သော်လည်း ဒီနေ့တိတ်ဆိတ်နေသည်မှာ သူတို့သုံးယောက်ကြောင့်ဖြစ်သည်။ canteen ထဲဝင်လာကတည်းက စာအုပ်ကိုယ်စီကိုင်ကာ တိတ်တိတ်နေရန် Canteen ထဲသောင်းကျန်းထားကြသောကြောင့်ဖြစ်သည်။ စာမေးပွဲနီးတာကတစ်ကြောင်း ဇိုးတွေဖြစ်တာကတစ်ကြောင်းမလို့ ဘယ်သူမှရန်မရှာရဲကြ။

Jonginစာမှတ်နေရင်း မျက်ခုံးတွန့်ချိုးသွားသည်။ ရှေ့မှာရှိနေသော ရေသန့့်ဘူးကိုကောက်ယူကာ နေရာတစ်ခုကိုဦးတည်ပြီးပစ်ပေါက်လိုက်လေသည်။
ရေဘူးမှာ လေထဲဝီခနဲပျံသွားကာ ကောင်လေးတစ်ယောက်၏ခေါင်းကိုထိမှန်သွားသည်။

" တိတ်တိတ်နေလို့ပြောနေတယ်မလား ဘယ်ကောင်စောက်စကားပြောနေတာလဲ "
တိုးတိုးလေးစကားပြောနေသော ကောင်လေးမှာခေါင်းကိုထိမှန်လာသော ရေဘူးကြောင့်လန့်ပြီးဘာအသံမှထွက်မလာတော့။

Sehunဘေးနားထိုင်နေသော Luhanက သူတို့ဘာလို့ဒီလောက်စာကြိုးစားနေကြတာလဲဟု မေးချင်နေသော်ငြား Jonginလုပ်လိုက်သော အပြုအမူကြောင့် မေးချင်သောမေးခွန်းကို ပြန်မြိုချလိုက်ရပါတော့သည်။

စားသောက်ပြီးလို့ သူတို့လေးယောက်ထွက်သွားတော့မှ canteen တစ်ခုလုံးက ကျောင်းသားတွေသက်ပြင်းချမိတော့သည်။
Canteen ကထွက်လာတော့မှ Luhanသူမေးချင်နေသော မေးခွန်းကိုမေးရဲတော့သည်။

"မင်းတို့ဘာလို့စာအဲ့လောက်ကြိုးစားနေကြတာလဲ "

"ကိုယ်က Hanကြောင့်လေ Hanကိုချစ်လို့လေ "
Sehunအဖြေကြောင့် ကျန်တဲ့2ယောက်က အန်ချင်သလိုလုပ်လာသည်။

"Sehunကအဲ့လိုကြောင့်ဆိုပေမယ့် မင်းတို့နှစ်ယောက်ကရော  "

သူ့ဘဲSehunက သူ့ကြောင့်စာကြိုးစားမှန်းသိသော်ငြား Beakhyunနဲ့ Jonginပြောင်းလဲသွားပုံက အောချလောက်ရသည်။ မသိရင် နှစ်ယောက်သား Rebirth ပဲဖြစ်လာသလိုလို၊ Transmigration ပဲဖြစ်လာသလိုလို၊လူစားထိုးခံလိုက်ရသလိုလိုနဲ့ နေ့ချင်းညချင်းပြောင်းလဲသွားပုံက လန့်စရာကောင်းလွန်းလှသည်။

My Bad Boy(Z+U)Where stories live. Discover now