My Bad Boy-2 (Z+U)

575 47 0
                                    

(Unicode)

"ဟေ့ကောင် အဲ့လောက်ပါးစပ်ကြီးဟပြီးငမ်းမနေနဲ့လေ မင်းကတဲစုတ်မှာနေခဲ့ရလို့လား"

Baekhyunမနေ့ညကဂိမ်းဆော့ပြီး အိပ်ရာထနောက်ကျတာကြောင့် ညနေမှChanyeolအိမ်သွားဖြစ်သည်။ ကားပေါ်ကဆင်းပြီး အိမ်ထဲမဝင်သေးဘဲ အပေါက်ဝမှာရပ်ကာအိမ်ကြီးကိုကြည့်နေသော Baekhyunမှာပါးစပ်ကြီးဟနေသောကြောင့် ယင်ကောင်ဥပင်ဝင်ဥလို့ရနေပြီဖြစ်သည်။Chanyeolရဲ့ အိမ်က3ထပ်ရှိကာ Baekhyunတို့အိမ်ရဲ့ 3ဆမကကြီးလွန်းနေသည်။

"ဖေဖေရာ Park Chanyeolအိမ်ကလည်း နန်းတော်ကြီးလိုပဲ မိုက်လိုက်တာ"

Chanyeolကထွက်လာပြီး "CEO Byunတို့ရောက်ပြီလားဗျ အိမ်ထဲဝင်လာပါဦး"ဟုလာကြိုလေသည်။

အိမ်ထဲကိုဝင်လိုက်တော့ ခြံကြီးကလည်းအကျယ်ကြီးဖြစ်ပြီး ပန်းခြံလည်းရှိနေသည်။ အိမ်ကြီး၏ဘေးတွင်တော့ အစေခံများအတွက်အဆောင်တစ်ခုဆောက်ပေးထားသည်။ အိမ်ကကြီးသည်သာမက အစေခံတွေရော၊ တောင့်တောင့်ဖြောင့်ဖြောင့်Bodyguardတွေပါရှိနေသောကြောင့် Baekhyunနဲနဲတော့ဖြုံသွားသည်။

ဧည့်ခန်းထဲရောက်သွားတော့ ထိပ်ကဆိုဖာမှာ Chanyeolထိုင်လိုက်ပြီး ညာဘက်ဆိုဖာမှာတော့ ကောင်လေး တစ်ယောက်ထိုင်နေသည်။

"ကျွန်တော့်သား Baekhyunကို CEO Parkကိုပဲအပ်ထားပါတော့မယ် ဒီကောင်ကဆိုးတော့ မလိမ္မာတာရှိရင်အကိုကြီးတ‌ေယာက်လိုဆုံးမပါဗျာ"

ဖေဖေကလည်း ဘာအကိုကြီးလဲ ရောက်ရောက်ချင်းသားကိုဖဲ့နေပြီဟု စိတ်ထဲ‌ကတွေးပြီး စိတ်ထဲကမျက်စောင်းထိုးပေးလိုက်သည်။

"ကျွန်တော့်အိမ်မှာနေရင်တော့ ကျွန်တော့်စည်းကမ်းအတိုင်းလိုက်နာပြီးနေရမှာပါ Baekhyun shiကပြဿနာရှာရင်မုန့်ဖိုးဖြတ်မှာပါ"

"ဟုတ်ကဲ့ ကျွန်တော်လိမ္မာမှာပါ" ဟုမုန့်ဖိုးမရမှာကြောက်သော Baekhyunကမျက်လုံး‌လေးတွေပိတ်လုနီးပါး ပြုံးပြီးပြန်ပြောလာသည်။Baekhyunမှာ ဒီနေ့အဖေက သပ်သပ်ရပ်ဝတ်စားလာခဲ့ဟုပြောသောကြောင့် ခေါင်းစွပ်အပြာလက်ရှည်လေးနှင့် ဘောင်းဘီအဖြူဒူးလောက်အတိုလေးကိုဝတ်လာပြီး ဘာနားကပ်မှမတပ် ဘာlinerမှမဆိုးလာသောကြောင့် ကလေးလေးတစ်ယောက်လိုဖြစ်နေသည်။

My Bad Boy(Z+U)Where stories live. Discover now