My Bad Boy-12 (Z+U)

317 29 0
                                    

(Unicode)

Baekhyun ပခုံးကနေလှမ်းဆွဲခံရပြီး နံရံမှာအကပ်ခံလိုက်ရတာကြောင့် Baekhyunကျောနည်းနည်းအောင့်သွားရသည်။

"ခင်ဗျား!!!" ဒေါသထွက်သွားတာကြောင့် အလိုအလျောက်အော်မိသွားသည်။

"ရှူး တိတ်တိတ်နေ" Baekhyunနှုတ်ခမ်းပေါ်လက်ညိုးတင်ကာ တိတ်တိတ်နေဖို့ပြောလာတာကြောင့် Baekhyun မကျေမနပ်ဖြစ်သွားသည်။

ငှားထားသောစာအုပ်နှစ်အုပ်ကို ပြန်လာပေးပြီး အခန်းအပြင်ထွက်ဖို့တံခါးဝဆီရောက်ခါနီးမှ လူကိုလှမ်းဆွဲကာ ‌ေဘးကနံရံဆီမှာ ကပ်လိုက်သော Chanyeolကို Baekhyunတိတ်တိတ်မနေနိုင်ဘဲမေးခွန်းထုတ်မိသည်။

"ခင်ဗျား ဘာလို့ဒီလိုလုပ်ရတာလဲ"

"ငါစဉ်းစားနေတာလေ ငါ့ကိုအမြဲဘုကလန့်‌ေပြာနေတဲ့ မင်းရ့ဲဒီနှုတ်ခမ်း‌ေလးကဘယ်လိုအရသာလေးများရှိလိမ့်မလဲ"

အဖြေတခုနှင့်အတူ Baekhyunနှုတ်ခမ်းကိုသေချာငုံ့ကြည့်နေတဲ့ Chanyeolကြောင့် Baekhyunခြေဖျားလက်ဖျားတွေအေးလာပြီး ရင်ဘတ်ထဲမှာလည်းငလျင်လှုပ်နေပြီဖြစ်သည်။

Baekhyunနှုတ်ခမ်းတွေကိုငုံကြည့်ရာမှ Baekhyunမျက်လုံးတွေဆီ Chanyeolအကြည့်ပြောင်းလိုက်ပြီး

"ငါမင်းနှုတ်ခမ်းရဲ့အရသာလေးကိုမြည်းကြည့်ချင်တယ်"

Chanyeolကိုယ်ကိုတွန်းပြီး Baekhyunရုန်းထွက်လုပ်ကြည့်ပေမယ့် သန်မာလွန်းတဲ့ Chanyeolကြောင့် Baekhyunမထွက်နိုင်။

သူ့မျက်နှာနားနီးကပ်လာသော Chanyeolကြောင့် Baekhyunမျက်လုံးတွေကိုသာပိတ်ချလိုက်တော့သည်။

🎶Pretty girl, you're like peaches
Soft하게 감싸
입안 가득 번진 sweetness
Feels good to be the bad guy🎶

ဟိုတလောကမှ ထွက်ထားသော နာမည်ကြီးBoy gpဖြစ်တဲ့ EXOရဲ့ memberတဦးဖြစ်တဲ့ Kaiရဲ့ peachesသီချင်းသံလေးထွက်လာသည်။

သီချင်းသံလေးရဲ့မြစ်ဖျားခံရာက ခုတင်ဘေးစားပွဲပေါ်မှာရှိတဲ့ Baekhyunဖုန်းဆီမှဖြစ်နေသည်။Baekhyunထို Peachesကိုနားထောင်ပြီး အရမ်းကြိုက်သွားတာကြောင့် Ringtoneအဖြစ်ထားထားခြင်းဖြစ်သည်။

Ringtoneသံကြောင့် Baekhyun အိပ်မက်ထဲမှနိုးထကာ မျက်လုံးတို့ပွင့်လာရသည်။

My Bad Boy(Z+U)Where stories live. Discover now