p-5

1.6K 104 4
                                    

နေထွက်စပြုတော့ နီနီတစ်ယောက်နိုးချေပြီ အရင်ထဲက စောစောထတတ်ပေမယ့် ဒီနေ့တော့ ကလေးကိုဖက်အိပ်ရလို့လာမသိ မေမေတောင်နိုးနေ​လောက်ရော့ပြီ။ကလေးလေးကတော့ နီနီရင်ခွင်ထဲကမထွက်သေး ပါးဖောင်းဖောင်းလေးနဲ့မျက်ခွံပေါ်ကသွေးကြောလေးတွေပေါ်နေသည်မှာအသဲယားစရာပင်..နီနီလဲမနေနိုင်မထိုင်နိုင်ထိုကလေးကို၏ပါးကို နမ်းရှိုက်မိလေသည်။
နီနီဝန်ခံပါသည် ထိုကလေးနှင့်ရှိနေလျှင် နီနီအလွန်ပျော်ရွှင်နေတတ်သည်။မျက်မှန်အောက်က မျက်ဝန်းနက်နက်လေးတွေက နီနီ့ကို ရင်ခုန်မှုဆိုတဲ့ခံစားချက်ကိုပေးစွမ်းနိုင်သည်။
နီနီလဲ အိပ်ယာမှထကာ ကလေးကိုစောင်သေချာခြုံပေးလိုက်သည်။ပြီးကာမှလုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လုပ်တော့သည် မနက်စာစားရန်ချက်ပြုတ်ပြီးရင် ဘုရားပန်းလဲ ဘုရားဆွမ်းကပ် ဘုရားရှိခိုး အိမ်ကိုတံမြက်စည်းလှည်း အိမ်အလုပ်မှန်သမျှလုပ်နေရသည်။

မနက်ခင်းရောင်ခြည်တောင်နော်ထူးမျက်နှာလေးပေါ်သို့ကျရောက်ချေပြီ...ဘေးနားစမ်းကြည့်တော့ဆရာမမရှိတော့ချေ အစောကြီးထသွားပြီထင်ပါ့နော်ထူးညကအကြောင်းပြန်တွေးပြီး အလိုလိုပြုံးမိလာသည် ဒီထက်သေချာတာက နော်ထူးဆရာမကိုချစ်မိနေပြီဖြစ်သည်။အသက်အရွယ်ဘယ်လောက်ကွာခြားပါစေအချစ်ဆိုတဲ့အရာလေးဟာ အသက်အရွယ်နဲ့မဆိုင်တာကိုလဲ နော်ထူးသဘောပေါက်မိသည်။နော်ထူးလဲအိပ်ယာသိမ်းခဲ့ပြီးမျက်နှာသစ်ကာ အခန်းထဲမှထွက်လာခဲ့မိသည်။ ဆရာမရဲ့အိမ်က တစ်ထပ်အိမ်လေးဖြစ်တဲ့အလျောက် ပရိဘောဂစုံလင်သည်။ခြံလဲ အတော်အသင့်ကျယ်ကာ ခြံထောင့်တွင် နှင်းဆီပင်တွေရှိသည်။
ထို့နောက် စိန်ပန်းပင်ကြီးတစ်ပင်ကလဲ ခြံရဲ့ ဘယ်ဘက်ထောင့်မှာ လှပစွာနေရာယူထားချေပြီ..။

"နော်ထူး မြေးလေးနိုးပြီလား"

"ဟုတ်အဖွားနိုးပြီ ဆရာမရောဟင်"

"သမီးဆရာမက မီးဖိုချောင်ထဲမယ်ထင်တာပဲ"

"ဟုတ်အဖွား ဒါဆိုဆရာမဆီသွားဉီးမယ်နော်"

"အေးကွယ်"
........

နီနီအလုပ်လုပ်နေရင်း ဖုန်းဝင်လာ၍ ဖုန်းသွားကိုင်ခဲ့ရာကြားရသောအသံကြောင့်စိတ်ညစ်ရချေပြီ

မြတ်နိုးရသူWhere stories live. Discover now