p-26

1.3K 82 15
                                    

"တောက်ခ်
မင်းတို့တွေကို ဒါလေးစောင့်ကြည့်ခိုင်းတာကို
$သုံးကို မကျဘူး"

"တောင်းပန်ပါတယ်ဆရာ ကျတော်တို့သေချာစောင့်ကြည့်ခဲ့ပါတယ် တကယ်လမ်းထဲကိုဝင်သွားတာပါ"

"အေး မင်းရဲ့ပါးစပ်က အရည်မရ အဖက်မရတွေမပြောနဲ့ မင်းတို့ရဲ့$လုံးတွေက သေချာမကြည့်လို့ နီနီကပျောက်သွားတာပေါ့ကွ"
ဝဏ္ဏအပါအဝင် တခြားလူများလဲ ခေါင်းငုံလျက် ကိုမျိုးပြောတာကိုနားထောင်နေကြသည်။

"ဆရာရယ် ဆရာ့ပုံစံနဲ့ သူထက်သာတဲ့လူတွေရှိပါတယ်ဗျ"

"မင်းငါ့ကိုပြန်မပြောနဲ့ အဲ့နီနီအောင်ဆိုတဲ့မိန်းမပိုင်တဲ့ ပိုင်ဆ်ိုင်မှုတွေကိုသိလို့လား နေတော့သာ တစ်ထပ်တိုက်
သူ့အဘိုးအဘွားတွေရဲ့အမွေတွေအကုန်လုံး သူ့နမည်နဲ့လွှဲခဲ့တာ"

"ဒါဆို ဆရာက"

"ဟက်! ငါကအဲ့တာတွေလိုချင်လို့ မင်းစဉ်းစားကြည့်စမ်းပါ ဝဏ္ဏရာ...နီနီအောင်ဆိုတဲ့မိန်းမက လှလဲလှ သူရဲ့ပိုင်ဆိုင်မှုတွေက အများကြီး ဒီတော့ငါဆိုတဲ့ကောင်ကရအောင်ယူရမှာပေါ့ဟ.."

"ဆရာသူ့ကိုချစ်လို့မဟူတ်ဘူးလား"

"အိုးဟိုး မင်းငါ့တပည့်လုပ်နေပြီး မင်းရဲ့ဒီဉီးနှောက်လေးက သေချာတွေးစမ်း"

ဝဏ္ဏရဲ့ နထင်ကို လက်ညိုးဖြင့်ထောက်ကာ ပြောနေသော ကိုကိုမျိုးကြောင့် ဝဏ္ဏခေါင်းသာငုံ့ထားသည်။

"ငါဆိုတဲ့ကောင်က ဘယ်မိန်းမကို အတည်ယူဖူးလို့လဲ"

ဆရာပြောတာမှန်ပါတယ် ဝဏ္ဏအသက် 26 ရှိပြီ ဆရာလက်အောက်မှာနေလာတာကြာလှပြီ ဆရာဘယ်မိန်းမကိုမှ တစ်နှစ်ကြာအောင်မပေါင်းပါ..သူလိုချင်တာရတာနဲ့ ချက်ချင်းထားခဲ့ကာ နောက်တစ်နေရာထွက်သွားစမြဲပင်..ဆရာရဲ့အဓိကအလုပ်ကတော့ မူးယစ်ဆေးဝါးမှောင်ခိုကူးတာပင်..ဒါ့အပြင် မိန်းမငယ်လေးတွေကိုလဲ ရောင်းစားသေးသည်။ဒါတွေကို ဖုံးချင်လို့ အသေးစားစီးပွားရေးတစ်ခုထောင်ထားပေသည်။ ယခု ဒေါ်နီနီအောင်ကို အရလိုချင်နေတဲ့အကြောင်းရင်းဟာလဲ ဝယ်လတ်က ပစ္စည်းကိုသဘောမကျလို့ ငွေပြန်အမ်းရမှာကြောင့် ဒေါ်နီနီအောင် ကိုလက်ထပ်ပြီး ငွေတွေအရယူမလို့ဖြစ်ပေလိမ့်မည်။

မြတ်နိုးရသူWhere stories live. Discover now