p-25

1.2K 84 4
                                    

နီနီခနလေး အိပ်ပျော်သွားသည်။ အနည်းငယ်ပင်ပန်းတာကြောင့်...အိပ်ပျော်သွားတာဖြစ်လိမ့်မည်။
ကားမှာ ပါတဲ့နာရီလေးလှမ်းကြည့်မိတော့ အချိန် 10:39 pm ဖြစ်နေချေပြီ..။နီနီ ကလေးကိုကြည့်မိတော့ အိပ်ပျော်နေတာလေးက ချစ်စရာ..အပစ်ကင်းလှသည်..။တစ်ခါတစ်လေ အတွေးတချို့ဝင်မိ၏..။ဒီကလေးကို ချစ်မိတာမှားပြီလားမသိ..ကလေးဘဝတက်လမ်းတွေးကိုဖျက်စီးမိသလိုဖြစ်မှာ အလွန်ကိုစိုးရိမ်မိသည်။သို့ပေမယ့် သူမလေးရဲ့ ဂရုစိုက် မှုတွေကြား ရုံးမထွက်နိုင်တော့တာအကြိမ်ကြိမ်..။
နီနီလဲ အာခေါင်ခြောက်တာမို့ ကားပေါ်က ဝေပေးထားတဲ့ ရေသန့်ဘူးလေး အား တစ်ငုံသောက်လိုက်သည်။
ခနကြာတော့ စပယ်ယာကောင်လေးမှ ဆင်းမည့်နေရာကိုပြောခိုင်းသဖြင့် နီနီတစ်ယောက် မြစ်သာဘုန်းကြီးကျောင်းတံတားထိပ်ဟုပြန်ပြောမိသည်။ ဤအရပ်ဤဒေသသည်..ကားမှတ်တိုင်ဟူ၍မရှိ..။
တာပေါ်လို့ခေါ်ရသော..ကားမောင်းရာ မြေနီလမ်းလေး
နဘေး၌ တန်းဆီနေသော အိမ်ငယ်မြောက်များစွာရှိသည်။ တချို့အိမ်ခပ်ကြီးကြီးတွေဆို ထိုတာဘေးမြေနိမ့်၌ ယာခင်းတွေဘေးတွင် တည်ရှိသည်။
ကားပေါ်မှ လူအများအလျှိုလျှိုဆင်းသွားသည်..။
ခနနေတော့ ကားစပယ်ယာကောင်လေးမှ နီနီတို့ကို အသင့်ပြင်ရန်ပြောလာခဲ့သည်။

"အမ အမ"

.ဟင်...
နီနီ လှမ်းကြည့်မိတော့ ရွှင်လန်းတဲ့အပြုံးတွေ ကြိုဆိုလို့နေသည်။ ရှပ်အင်္ကျီ လက်တို အစင်းလေးကိုဝတ်ထားကာ လွယ်အိတ်လေးအား စလွယ်သိုင်းထားသည်။ပုဆိုးကိုခပ်တိုတိုဝတ်၍ လက်ထဲ၌ ပိုက်ဆံ တစ်သောင်းတံတို့အား ကိုင်ဆောင်ထား၏..။ထိုကောင်လေးအသက် ရှိမယ့်ရှိ 20 23 လောက်ပေါ့..။

"အမ အမတို့ဆင်းမဲ့မှတ်တိုင်ရောက်တော့မယ် အဆင်သင့်ပြင်းဖို့သတိပေးတာပါခမျ"

"အေးကွယ် ကျေးဇူးပါပဲ"
ကွမ်းဝါးကာပြောနေသော ကောင်လေးကို နီနီကြည့်မိတော့ သူက နောက်ဘက်က ခရီးသယ်တွေဆီ သွားနေချေပြီ..

နီနီလဲ ကလေးကိုနှိုးလိုက်တော့ ဒင်းလေးကအိပ်ပုတ်ကြီးနေလေရဲ့

"ကလေးရေ..ထတော့..ရောက်တော့မှာ"

"ဟင်..အင်း..ငါးမိနစ်"

မြတ်နိုးရသူWhere stories live. Discover now