p-27

1.3K 90 5
                                    

နော်ထူးတို့မြစ်သာရွာလေးကိုရောက်တာ ငါးရက်ကျော် ရှိပြီ အရာရာဟာအဆင်ပြေမြဲ မြို့ပေါ်မှာတော့ ကိုကိုမျိုးတို့မြေလှန်ရှာနေသည်ဟုကြားသည်။ကြီးကြီးကလဲ လိုအပ်တာအကုန်ကူညီပေးလျက်ရှိသည်။
နော်ထူးတို့က ကြီးကြီးအိမ်မှာမနေတော့ပဲ ကြီးကြီးပိုင်တဲ့ ဒုတိယအိမ်လေးမှာနေသည်။ ထိုအိမ်လေးက ဝါးနဲ့ပြုလုပ်ထားပြီး မြေစိုက်အိမ်လေးဖြစ်ပေသည်။ခြံကလဲအတော်အသင့်ကျယ်ဝန်းကာ ​ခြံထောင့်၌ ပန်းပင်လေးများစိုက်ပျိုးထားပေသည်။
ဒီရွာလေးက မြို့ကလောက်မထွန်းကား လူအရောက်အပေါက်နည်းသည်မို့ လျှပ်စစ်မီးဟူ၍မရှိ ဆိုလာပြားကိုနေပူထဲတွင်ထုတ်ထား၍ ဘက်ထရီအိုးနဲ့ချိတ်ကာသုံးရသည်ဖြစ်သည်။ နော်ထူးတို့အိမ်လေးက နောက်ဖေးတန်းမှာဖြစ်ပြီး ကြီးကြီးတို့အိမ်ရဲ့အနောက်တည့်တည့်ပင်ဖြစ်ပေသည်။

"ဆရာမ..ဆရာမ"

"ရှင် ထူးငယ် ပြန်လာပြီလား"

"ဟုတ်ကဲ့ဆရာမ ဒီမှာချစ်ဇနီးလေးဖို့ မုန့်ဟင်းခါးဝယ်လာတယ်ရှင့်"

"ထူးငယ်နော် ဘယ်လိုလဲအလုပ်ကအဆင်ပြေရဲ့လား"

"ဟုတ်အဆင်ပြေတယ် ကြီးကြီးကလဲ ကိုင်းထဲလိုက်ခဲ့လို့ရတယ်တဲ့"

"အင်းပါ အဆင်ပြေရင်လဲ မျက်နှာသစ်ပြီးပြီမလား ခြေထောက်လက်ထောက်သွားဆေး သွား မုန့်ဟင်းခါးပြင်ထားမယ် ပြီးရင်လာစားလှည့်တော့နော်"

"ဟုတ်ကဲ့ပါရှင် ကျမအိမ်သူလေးသဘောပါ"

"ကဲ အကြီးကိုရွှတ်နောက်နောက်နဲ့"

"ရွှတ်..."

"ဟာ.."

နော်ထူးကိုဆရာလုပ်နေသည့် ဆရာမအားမနေနိုင်မထိုင်နိုင်အသံထွက်အောက်နမ်းလိုက်မိသည်။
ထိုအခါ ဆရာမဆီမှ မျက်စောင်းလှလှလေးက နော်ထူးဆီဒိုင်းခနဲရောက်လာပေသည်။
နော်ထူးတို့ဒီရွာကိုရောက်တဲ့ငါးရက်ကျော် အတွင်း ဆရာမက အိမ်နားက ကလေးများကိုစာပြပေးသည်။နော်ထူးကတော့ အလုပ်မရှိသည်မို့ ကလေးတွေကိုတခါတလေတော့စာကူပြပေးသည်။ ကလေးတွေကိုစာကူမပြရင် ကိုယ်တိုင်အရင်ကစာလေးတွေကိုမှတ်မိသလောက်ပြန်နွှေးတတ်သေးသည်။အိမ်မှာနေတာလဲဘာအလုပ်မှမရှိတာကြောင့် အလုပ်လေးတစ်ခုခုလုပ်ချင်မိသောကြောင့် ကြီးကြီးထံ အလုပ်သွားတောင်းခြင်းဖြစ်ပေသည်။ဆရာမကတော့ ပိုက်ဆံလောက်တယ်မလုပ်နဲ့ဟုတားပေမယ့် နော်ထူးကိုယ်တိုင်ငွေရှာချင်မိသည်။ဒါကြောင့်ကြီးကြီထံမှ အလုပ်တောင်းတော့ ကိုင်းထဲ၌ ပဲဆွတ်(ပဲသီးကိုခူးသည်)လိုက်လို့ရသည်တဲ့လေ။ပင်ပန်းမှာသိပေမယ့် နော်ထူးလက်ခံလိုက်သည်။ ဤဒေသလေးက လူသိပ်မသိသည်မို့စည်းစည်းကားကာတော့မရှိပေ တာပေါ်၌ ကုန်စုံဆိုင်လေးအနည်းငယ်နှင့် ဟင်းချက်စရာအသားငါးကတော့ စျေသည်များလာရောင်းခြင်းဖြစ်သည်။

မြတ်နိုးရသူWhere stories live. Discover now