p-14

1.2K 87 7
                                    

နော်ထူးတစ်ယောက်အိမ်မက်အရှည်ကြီးမက်လို့နေသည်။အိမ်မက်ထဲဝယ် ပန်းခင်းကြီးတစ်ခင်းရှိကာ ပန်းတွေအကုန်လုံးက နှင်းဆီပန်းတွေတဲ့..နော်ထူးနည်းနည်းမျက်စိကစားမိတော့ နော်ထူးကဲ့ဆရာမကိုတွေ့ရသည်။ဆရာမကိုနော်ထူးလှမ်းခေါ်လိုက်တော့ဆရာမကမကြားချေ...ဆရာမ၏အနီးနော်ထူးပြေးသွားလိုက်သည် သိုပေမယ့်အချည့်နှီး နော်ထူးလိုက်လေ ဆရာမက အရှေ့ကိုရောက်သွားလေဖြစ်လို့နေသည်။နော်ထူးကနီးစပ်ဖို့ကြိုးစားတိုင်း ဆရာမက နော်ထူးရဲ့အဝေးကိုသာရောက်ရှိသွားသည်။
ထို့နောက်ဆရာမ ပျောက်ကွယ်သွားကာ နော်ထူးမျက်လူံးများပိတ်ချလိုက်တော့သည်။ပိတ်ထားသော မျက်ဝန်းထံမှ မျက်ရည်ကြည်မှားပါးပြင်ပေါ်ခစားလျက်...
နော်ထူးရဲ့မျက်ခွံများလေးလံနေသည်။အပြင်ဘက်မှာအသံတွေကိုလဲ ကြားတစ်ချက်မကြားတစ်ချက်..
ထို့နောက်မှာတော့ နော်ထူးရဲ့မျက်လုံးများကိုအားယူကာဖွင့်ကြည့်မိတဲ့အချိန်..နော်ထူးမြင်လိုက်ရတာက
နော်ထူးရဲ့ မြတ်နိုးရသူ..နော်ထူးရဲ့ဆရာမပင်
ဆရာမကနော်ထူးကိုစိုးရိမ်တကြီးခေါ်နေလေရဲ့...
ဒါအိမ်မက်လား..အိမ်မက်ဆိုရင် ဒီအိမ်မက်ထဲကရုံးမထွက်ချင်တော့ဘူး..နော်ထူးမျက်လူံးများကိုအားယူကာ ထက်ဖွင့်ကြည့်တော့ တကယ်နော်ထူးရဲ့ဆရာမ
နော်ထူးအား မျက်ရည်များနဲ့ ကြည့်နေသောဆရာမ..
ပတ်ပတ်လည်ကြည့်မိကာမှ လူစုံတက်စုံရောက်နေသည်ကိုတွေ့ရသည်။သို့ပေမယ့်နော်ထူးဘာဖြစ်သွားလဲမမှတ်မိ နော်ထူးမှတ်မိတာက ဆရာမ သူ့ဆီကပျောက်ကွယ်သွားကာထွက်သွားသည့်အချိန်ပင်..သို့ပေမယ့်ဒါတွေကလဲအိမ်မက်သဖွယ်ဖြစ်နေပြန်သေးသည်။

"နော်ထူး သတိရလာပြီလား"

"ဟင် ငါ..ငါ"

"အခုနေရတာအဆင်ပြေလား"

"နည်းနည်းတော့ခေါင်းကိုက်နေတယ်"

"ခေါင်းကိုက်ရင် ခနပြန်အိပ်လိုက်ပါလားကလေးရယ်"
ဆရာမနီနီမှပြောတော့

နော်ထူးဆရာမဘက်သို့လှည့်ကြည့်ကာ သူမအားမျက်ရည်အပြည့်ဖြင့်ကြည့်နေသောဆရာမ ဆရာမရဲ့မျက်ရည်တစ်စက် နော်ထူးရင်ကိုခွဲနေသလိုပါဆရာမရယ်...အိမ်မက် ဒါဆိုဆရာမထွက်သွားတယ်ဆိုလားအိမ်မက်တစ်ခုလား...ဒါတွေတွေးကြည့်ရင်
နော်ထူးခေါင်းတွေထိုးကိုက်လာသည်။ ဒါပေမယ့်အခုမျက်စိရှေ့ကဆရာမကိုတော့ မလွတ်တမ်းဖက်ထားမယ် ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့ တကယ်များ​ ဝေးရရင်​​နော်ထူးရင်ကျိုးရချည်ရဲ့

မြတ်နိုးရသူWhere stories live. Discover now