p-21

1.2K 100 8
                                    

ကြယ်စင့်အစီအစဉ်က တဖြေးဖြေးအလုပ်ဖြစ်လာသည်။မနေ့က ​နော်ထူးကိုသွားစည်းရုံးခဲ့ပေမယ့် ဒီနေ့ဆရာမနီနီဆီ စည်းရုံးရမည်ဖြစ်သည်။သို့ပေမယ့် ဆရာမရဲ့အမေကိုဘယ်လိုလုပ်မလဲလေ..။ကြယ်စင်တို့စဉ်းစားရကြပ်နေသည်။
ကြယ်စင့်အိမ်ကအခန်းထဲမှာသူငယ်ချင်းနှစ်ယောက်ထိုကိစ္စကိုအသေးစိတ်တိုင်ပင်နေကြသည်။

"နှင်း..ဆရာမကိုစည်းရုံးရမယ်နော်"

"အေး..ငါလဲစဉ်းစားနေတာ..ဆရာမ မားသားကြီးလဲရှိသေးတယ်ဟ"

"....."
ကြယ်စင်လဲ အသံတိတ်ကာစဉ်းစားနေလိုက်သည်။
ခနအကြာတွင်ကြယ်စင့်ထံအကြံတစ်ခုပေါ်လာသည်။

"ဟဲ့ငါသိပြီ"

"ဘာတုန်း"

"ဒီလိုကွာ..ဆရာမအမေကငါတို့ကိုလဲသိနေပြီဆိုတော့ ဒီတိုင်းဝင်လို့ရမှာမဟုတ်ဘူး..အဲ့တော့ညဘက်ခိုးဝင်မယ်"

"ဟာ..ဖြစ်ပါ့မလားဟ"

"ဖြစ်ပါတယ်ဟ ငါ့..ခင့်ဆီမှာဆိုင်ကယ်သွားယူလိုက်မယ်"
ကြယ်စင်က ဆရာမ​ဒေါ်မေဉီးခင်ကို..ခင်ဟုသာခေါ်သည်။ကျောင်းမှာသာ ဆရာမဟုခေါ်ပေသည်။

"နင်ကလဲ ဟုတ်မှလုပ်ပါ တော်ကြာ​ဂျေးထဲ​အောင်းနေရမယ်"

"ရပါတယ်ဟ ကြိုးစားကြည့်မယ်..ဆရာမဆီကို..ဒီညဆိုင်ကယ်နဲ့သွားမယ် ပြီးရင်ဆရာမ..အိပ်ခန်းပြတင်းပေါက်ကို ခေါက်လိုက်ရင်ဆရာမပြတင်းပေါက်ဖွင့်ပေးမှာပေါ့ဟ"

"နင် ကတော့လေ"

"မလိုက်ဘူးလား"

"လိုက်မယ်"

"စောစောကပြောရင်ပြီးနေတာကို..ဒါနဲ့ဆရာမတို့အနားမှာနင့်အသိအိမ်လေးဘာလေးမရှိဘူးလား"

"ရှိတော့ရှိတယ် ဘာလုပ်မို့လဲ"

"ညသန်းခေါင်ကြီးတော့ မိန်းကလေးနှစ်ယောက်ထဲသွားလို့မဖြစ်ဘူးလေ..နင့်အသိအိမ်ရှိရင်တည်းလို့ရတာပေါ့"

"အော်..ဒါဆိုငါ့အမဝမ်းကွဲအိမ်ရှိတယ်..အေးဆေးတည်းလို့ရတယ်"

"ဒါဆိုအဆင်ပြေသားပဲ"

"ဒီညသွားမှာလား"

"အင်း အချိန်မရှိဘူးမြန်မြန်လုပ်ရမှာ.."

မြတ်နိုးရသူWhere stories live. Discover now