p-17

1.1K 80 4
                                    

ကြယ်စင်တို့ကျောင်းဆင်းတော့..နော်ထူးကိုမတွေ့ပေ
ဒါကြောင့်လိုက်ရှာနေကြသည်။

"ဟဲ့ နှင်း"

"ဟေ"

"နင်တို့က အခန်းချင်းကပ်ရပ် မဟူတ်ဘူးလား"

"ဟဲ့..ငါက ပြတင်းပေါက်တံခါးတွေပိတ်ပြီး ဝှိုက်ဘုတ်ဖျက်နေတာလေ..သူများတွေလို အခန်းထဲက စောစောထွက်လို့ရတာမှမဟုတ်တာ.."

"ဒါနဲ့ ငါတို့တွေ အဆောင်တွေနောက်ရှာကြမယ်"

"အေး သူတို့အဆောင်နောက်အရင်သွားမယ် ပိတောက်ပင်ကြီးဆီကိုလေ ငါတို့အဲ့ကိုမရောက်သေးဘူးကို..သူအခန်းရှေ့မှာမတွေ့တာနဲ့အခြားနေရာရှာနေရတယ် အဲ့နေရာမေ့နေတယ်"

"အင်း ကျောင်းတံခါးလဲပိတ်တော့မယ် မြန်မြန်သွားမယ်"

နှင်းတို့လဲ နော်ထူးတို့အဆောင်နောက်ကို ရှာကြည့်ရာ တွေ့ပါပြီ..လွယ်အိတ်လေးက ဘေးကိုကျနေကာ..သူမကတော့လွယ်အိတ်ဘေးမှာ ဒူးထောက်လျက်သား..

"ဟဲ့..နော်ထူး!"

နှင်းလှမ်ခေါ်မယ့် သူမလှည့်မကြည့်ပေ တသိမ့်သိမ့်တုန်နေသော ကျောပြင်ငယ်လေးကြောင့်သူမငိုနေသည်မှာသေချာနေပြီလေ..

"နော်ထူး..ဟဲ့..ဘာဖြစ်တာတုန်း"

နှင်းလဲနော်ထူးရှိရာသို့ပြေးသွားကာ ပုခုံးကိုကိုင်လှုပ်တော့ နှင်းရင်ခွင်ဝင်ကာ ခါးကိုတင်းတင်းဖက်၍ ရှိုက်ကာငိုနေသော နော်ထူးကြောင့် နှင်းနဲ့ကြယ်စင်မှာစိတ်ပူရချေပြီလေ..

"နော်ထူး ဘာဖြစ်တာတုန်း"

ဘာမှမပြောပဲငိုနေသောနော်ထူးကြောင့်အိမ်ခေါ်သွားဖို့သာပြင်ရသည်။နှင်းက နော်ထူး၏ပုခုံးကိုထိန်း၍​ ကြယ်စင်က လွယ်အိတ်တွေဘယ်ခဲ့၍သာခေါ်လာခဲ့သည်။..ကြယ်စင်တို့ ကျောင်းပေါက်ဝရောက်တော့ တံခါးတောင်ပိတ်ချေတော့မည်။တံခါးစောင့်တွေက ကြယ်စင်တို့ကိုတွေ့တော့တံခါးဖွင့်ပေး၍..အိမ်ပြန်စေသည်။

လမ်း၌လဲဘာစကားမှမပြော..အသံတိတ်နေသည့်နော်ထူးကြောင့် နှင်းနဲ့ကြယ်စင်လဲ စိတ်မကြည်သာချေ နေကောင်းတာမှမကြာသေး ခုလဲစိတ်ညစ်စရာတွေရှိနေပြန်သည်ထင်၏...

မြတ်နိုးရသူWhere stories live. Discover now