p-22

1.1K 84 3
                                    

အရင်ညတွေလို..ဒီညကိုပုံမှန်ပင်ဖြတ်သန်းရတော့မည်...။ပြတင်းပေါက်နားသို့ နီနီမတ်တပ်ရပ်လိုက်သည်။ထို့နောက် နီနီ ဆေးလိပ်ဘူးထဲမှ ဆေးလိပ်တစ်လိပ်ထုတ်လိုက်သည်။ထိုဆေးလိပ်ကို မီးခြစ် ပေါ်သို့ သုံးချက်လောက် ခေါက်လိုက်ကာ မီးညှိလိုက်သည်။ဆေးလိပ်သောက်လို့ ရှုထုတ်လိုက်ရတဲ့ အငွေ့တွေကို
နီနီ့ရင်ထဲက စကားတချို့ကိုပြောပြရသည်မှာလဲ အကျင့်တစ်ခုလိုပင်ဖြစ်ချေတော့မည်..။ကျောင်းဆရာမ တစ်ယောက်ဖြစ်ပါလျက်နဲ့..ကျောင်းသားတွေကိုလမ်းမှားမရောက်အောင် ဆုံးမပေးမယ့်ဆရာမတစ်ယောက်ဖြစ်ပါလျက်နဲ့...ကိုယ် ကိုယ်တိုင် ပျက်စီးနေချေပြီ..တစ်ချိန်က ဆေးလိပ်ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုသင်ပေးခဲ့သမျှ..အခုတော့ကိုယ်တိုင်ထိုဘေးထွက်ဆ်ိုးကျိုးများကိုလက်ယက်ခေါ်နေမိသည်။
  နီနီ့ဘဝဟာ ဘာမှအဓိပ္ပါယ်မရှိ..။ကိုယ်ချစ်တဲ့လူက မိန်းမတစ်ယောက်ဖြစ်တာနဲ့...ချစ်ခွင့်မရှိဘူးတဲ့လားလောကကြီးရယ်...ကျမရဲ့ဘဝက သူများလက်ခုပ်ထဲက ရေလိုပဲ ဖြစ်နေပါရဲ့။ကျမ..ချစ်သူကိုချစ်တဲ့အချစ်ကို အသုံးချပြီး..ကျမကိုကောင်းကောင်းအနိုင်ယူပြနေတဲ့ဒီလောကကြီးကိုသိပ်မုန်းတာပဲ..။ကိုယ်သိပ်ချစ်တာကို မှားယွင်းစွာထုတ်ပြမိတဲ့ ကျမကိုယ်ကျမလဲသိပ်မုန်းမိပါသည်။
ကျမဆေးလိပ်ကို ခပ်ပြင်းပြင်းရှိုက်ဖွာလိုက်ကာ အငွေ့တို့ကို လေထုထဲ၌လွတ်လပ်ခွင့်ပေးလိုက်သည်။လေနှင်ရာသွားနေတဲ့ ထိုအငွေ့တို့ကိုကြည့်ရင်း..ကြယ်စင်လင်းရဲ့ စကားတချို့နားထဲ၌ ပြန်ကြားယောင်လို့နေသည်။

"နော်ထူးရဲ့နှလုံးသား....."

"ပေါပေါပဲပဲအချစ်မဟုတ်ဘူးရှင့်..."

နီနီ အော်ဟစ်ပေါက်ကွဲလိုက်ချင်သည်။ထိုစကားတွေက နီနီ့နှလူံးသားကို ရက်ရက်စက်စက်နင်းချေပစ်သလိုပင်..။နီနီ ကိုလူတွေကတော့ပြောကြလိမ့်မည်။
နွားအိုမြတ်နုကြိုက်ပေါ့... ဆရာမဖြစ်ပြီး ကိုယ်တပည့်ကျောင်းသူလေးကိုကြံတယ်ပေါ့..စသည့်..စကားတို့ကိုပြောကြလိမ့်မှာပါပဲ..။တခါတလေတော့လဲ တလောကလုံးကိုအရွဲ့တိုက်ပြီး..ပြောနေတဲ့ပါးစပ်တွေပိတ်သွားအောင်..မင်းတို့ပြောနေတဲ့မြတ်နုက ဘယ်လောက်ချိုလဲသိလားဟု ခပ်ပြုံးပြုံးပင်ပြောလိုက်ချင်ရဲ့...။ဖြစ်နေတဲ့ဘဝနဲ့ ဖြစ်ချင်တဲ့ဘဝက..
တိမ်တိုက်ကလေးတွေကို ဖမ်းဆုပ်ချင်နေတဲ့ကလေးငယ်တယောက်လို...မဖြစ်နိုင်တာမျှော်မှန်းရတာသိပ်ကိုပင်ပန်းသည်လေ...။
နီနီ့အတွေးတို့အဆုံးသတ်ရန်ပြင်လိုက်ပြီး ဆေးလိပ်ကိုပြာခွက်ထဲထိုးချေလိုက်သည်။ထို့နောက်ပြတင်းပေါက်ကိုသေချာပိတ်ကာ အိပ်ယာဘေးကမှန်တင်ခုံပေါ်က မှန်ထဲ၌တချက်ကြည့်လိုက်သည်။
တချိန်က..ချစ်ရသူနမ်းတဲ့နှုတ်ခမ်းနီနီက..အခုဆိုအနည်းငယ်ညိုလို့နေသည်..။ချစ်သူရေ..မင်းတော့တို့နဲ့ပေါင်းဖက်ရမရမသေချာဘူး..။သေချာတာက မင်းနဲ့တို့ပေါင်းဖက်ရရင်တောင် မင်းနမ်းမယ့်နှုတ်ခမ်းနုနုက အညိုပုတ်ရောင်ပြောင်းတော့မယ်ဆိုတာပါပဲကွယ်..။

မြတ်နိုးရသူWhere stories live. Discover now