p-34

1.4K 94 16
                                    

နော်ထူးနိုးလာတော့ အမြင်တွေဝေဝါးလို့ နေသည်။ ဘာမှရေရေရာရာမသိ ခံစားချက်တို့ဗလာကျင်းဖြစ်နေသည် ထို့နောက် သူမလက်ကိုတစ်ယောက်ယောက် ဆုပ်ကိုင်ထားသည်ကို သူမ ခံစားမိသည်။

"နော်ထူး နင်သတိရလာပြီလား ခန ငါဆရာ၀န် ခေါ်ပေးမယ် နော်"

"ရတယ် ကြယ်စင် ဆရာမရော"

"ရှိတယ် သူ့ကို အခန်းခွဲ ထားတယ်
အခုတော့သတိမရသေးဘူး"

"ဟုတ်လား..ဘယ်အခန်းလဲ"

"အခန်းက 247"

"ငါသွားဉီးမယ်"

"ဟဲ့..နင်ခုမှသတိရတာလေ ဆေးချိတ်ထားရတယကိုမသွားနဲ့ နေကောင်းမှသွားလေဟယ် နော်"

ကြယ်စင်တားနေတာကို နော်ထူးဉပက္ခာပြုကာ ကြယ်စင်ဆုပ်ကိုင်ထားသောမိမိလက်ကို ရုန်းလိုက်သည်။ထို့နောက် ပုလင်းချိတ်ထားပြီးဆေးသွင်းထားသော အပ်အား
နော်ထူးဆွဲဖြုတ်လိုက်သည်။အပ်စိုက်ထားတဲ့ ဒဏ်ရာကသွေးစို့သွားပေမယ့် နော်ထူးမမှုနိုင် ဆရာမရှိရာအခန်းကို ဖြေးဖြေးခြင်းလမ်းလျှောက်လာသည်။

"ဟဲ့ နော်ထူးမသွားနဲ့
အဲ့မှာ ဆရာမအမေရောက်နေတယ်လို့..အထူးရေ.."

"...."

"ဒီဟာလေးနဲ့ ငါရှင်ချင်တယ်..ဟင်းး"

ကြယ်စင်နောက်ကအော်ပြောနေပေမယ့် နော်ထူးနားထဲမရောက် သူဘာပြောလဲ နော်ထူးမသိ နော်ထူးသိတာဆရာမပင် ဆရာမရှိရာရောက်အောင်သွားရမည်။ နော်ထူးခေါင်းတို့တရိပ်ရိပ်နဲ့ထိုးကိုက်လာသည်။လူက ဒယိမ်းဒယိုင်ဖြစ်နေပေမယ့် မနည်းအားယူပြီးသွားရသည်။ကော်ရစ်တာတစ်လျှောက် တခြားလူနာနဲ့ ဆရာဝန်တွေဝိုင်းကြည့်နေပေမယ့်..နော်ထူးဂရုမစိုက်နိုင်ပါ။

နော်ထူးဆရာမကိုအခန်းသို့ရောက်တော့..မြင်လိုက်ရတာက ဆရာမအမေကိုဖြစ်သည်။
ကြယ်စင်အော်ပြောတာ ဒါဖြစ်လိမ့်မည်။
နော်ထူးကိုမြင်တော့..သူမနော်ထူးအနားကိုအပြေးလာကာ.. နော်ထူးပါးကိုအားဖြင့်လွှဲရိုက်လိုက်သည်။လူကနဂိူကတည်းက အားမရှိသူမို့
ဆရာမ၏အမေဖြစ်သူဒေါ်ခင်နီလာ၏ ရိုက်ချက်ကြောင့် ကြမ်းပြင်သို့လဲကျသွားရသည်။

မြတ်နိုးရသူWhere stories live. Discover now