p-11

1.3K 102 1
                                    

ကြယ်စင် မနက်နိုးတော့ဆရာမက မနက်စာတောင်ပြင်ပြီးချေပြီ ကြယ်စင်လဲ မျက်နှာသစ်ကာ ဆရာမကိုလိုက်ရှာတော့သည်။...တွေ့ပါပြီ ကြယ်စင်ရဲ့ဆရာမ ဆံနွယ်ရှည်ရှည်ကို ကလစ်ကြီးကြီးဖြင့် ခပ်လျော့လျော့ ညှပ်ထား၏..။ကပိုကရိုဖြစ်နေသောဆရာမ၏ပုံစံမှာ ကြယ်စင်ရူးဖို့ပင်လုံလောက်ပေသည်။ဘုရားရှိခိုးနေသောဆရာမကို ကြယ်စင်အချိန်အတော်ကြာ စိုက်ကြည့်မိတယ်။ဆရာမက သိပ်လှတဲ့အမျိုးသမီးပါ...အေးချမ်းတဲ့အပြုံးပိုင်ရှင် စကားသံခပ်ဝဲဝဲလေးက တိုင်းရင်းသားဖြစ်ကြောင်းသက်သေထူလို့နေသည်။ဆရာမက ချင်းလူမျိုးဖြစ်ပေမယ့် ဗုဒ္ဓဘာသာကို ကိုးကွယ်လေသည်။ခနအကြာဆရာမဘုရားရှိခိုးလို့ပြီးပြီထင်ပါရဲ့...

"ကြယ်လေး"

"ရှင်ဆရာမ"

"အဲ့လောက်တောင်ကြည့်နေရလားကွယ် ထမင်းစားခန်းထဲစောင့်နေတာမဟုတ်ဘူး"

"ဟင့်အင်း ဆရာမကိုငေးချင်လို့"

"မင်းကတော့လေ..လာထမင်းစားမယ်"

ကြယ်စင်တို့လဲ ထမင်းစားရန် ပြင်တော့သည်။တစ်ယောက်နဲ့တစ်ယောက်ဟာသတွေ ပြောစကားတွေဖောင့်ဖွဲ့လို့နေသည်။ ထမင်းစားပြီးသည့်အချိန်တွင် ကျောင်းသွားကန်ပြင်ရတယ်။အဖွားကသူမသွားခင် ကျောင်းစိမ်းတွေလာပေးတယ်လို့ဆရာမကပြောကာ ကြယ်စင့်ကျောင်းစိမ်းတွေထုတ်ပေး၏..။ကြယ်စင်လဲရေချိုးကာ အဝတ်အစားလဲတော့သည်။ကြယ်စင်ပြင်ဆင်ပြီးတော့ ဆရာမကိုအိမ်ရှေ့ခန်း၌စောင့်နေလိုက်သည်။သိပ်မကြာလိုက် ဆရာမဆင်းလာချေပြီ အင်္ကျီအဖြူလက်ရှည် ခါးတိုလေးကား ချပ်ချပ်ကပ်ကပ်ဝတ်ကာ ထမိန်ကိုသေသပ်စွာဝတ်ထားသေးသည်။ ဆရာမရဲ့ မျက်ဝန်းလဲ့လဲ့ရဲ့အောက်မှာ ကျမကျရှုံးချေပြီ ဆရာမရဲ့အပြုံးနုနုကိုလည်း ကြယ်စင်ရူးလောက်သဘောကျသည်။

"အချစ်ရေ သွားမယ်ကွယ်"

ဆရာမရဲ့ အချစ်ရေဆိုတဲ့နာမ်စားကို ကျမသိပ်မြတ်နိုးသည်။ဆရာမက ကြုံရင်ကြုံသလိုနမည်အမျိုးမျိုးခေါ်တတ်သေးတယ်။ဆရာမက သိပ်လဲနားလည်ရခက်သည်။တစ်ခါတစ်လေ သိပ်စိမ်းကားသည်။တစ်ခါတစ်လေတော့လဲ သိပ်ပြီးဂရုစိုက်တတ်သည်။ ဆရာမ၏ပြောနေကျစကားလေးကတော့...
"မင်းကိုတို့ပဲပိုင်ချင်တယ်" တဲ့လေ..။သူမထက်တစ်ခြားသူကိုပိုပြီးအရေးပေးဂရုစိုက်တာကိုသူမကြိုက်ပေသဝန်ကလဲတိုတတ်ကာ စိတ်ကြီးပေသည်။သို့ပေမယ့် သူများမေးရင်တော့ ဆရာတပည့်ပါပဲ ဆရာတပည့်ဆက်ဆံရေးထက်ပိုတာ ကျမတို့နှစ်ယောက် ကိုယ်တိုင်ပင်သိသည်။သိပေမယ့်လည်း တစ်ယောက်မှဖွင့်မပြော ဤရပ်ဝန်းလေးထဲ၌ပင် ပျော်အောင်နေကြသည်။..တစ်နေ့ပေါ့ ကျမဆရာမကိုဖွင့်ပြောမည်ဆိုတာ အသေအချာပင်..ဆရာမလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကျမအချစ်ကိုတရားဝင်ဖွင်ဟဝန်ခံမှာပါ..။

မြတ်နိုးရသူOn viuen les histories. Descobreix ara