p-19

1.1K 83 7
                                    

ဒီနေ့က အစီအစဉ်စတဲ့နေ့ပင် အရင်ဆုံးနော်ထူးကိုကျောင်းသွားမယ်ဟုအရင်ခေါ်ရသည်။သို့ပေမယ့် သူမ မလာခဲ့ပြန် သူမက မတက်ဘူးဟုတစ်လုံးသာပြောကာ စကားပြန်မပြောတော့...ဒါကြောင့်ကျောင်းကို
သာ ထွက်လာခဲ့မိသည်။နှင်းကတော့ကျောင်းကိုအရင်သွားနှင့်သည်။ကျောင်းရောက့တော့ ခွဲထားတဲ့တာဝန်အတိုင်းလုပ်ဆောင်ရသည်။
အရင်းဆုံး ကျောင်းတက်တဲ့အထိ နှင်းရဲ့အခန်းသို့ကြယ်စင်မသွားချေ..

....

​နှင်းအခန်းသို့ရောက်တော့ လုပ်ဆောင်ရမည့်တာဝန်အတိုင်းဆရာမနီနီကိုအရင်ရှာရသည်။နှင်းစောင့်နေတုန်း ဆရာမနီနီဝင်လာတာကိုတွေ့လိုက်ရသည်။
တပြိုင်တည်း ဆရာမသဇင်ကလဲ အစီအစဉ်အတိုင်းဝင်လာသည်။နှင်းလဲ ဆရာမနီနီရဲ့ ဆရာမသဇင်ကိုလှမ်းခေါ်လိုက်၏

"ဆရာမသဇင်"

"အယ်..ကလေး.

"ဒီမှာဆရာမဖို့.."

"နှင်းဆီပန်းလေးပဲကွယ်..ဆရာမ လက်မအားဘူးဒီမှာ စာအုပ်တွေကိုင်ထားရတယ် သမီးပဲပန်ပေးနော်.."

"ဟုတ်ကဲ့...

ထို့နောက်နှင်းလဲ ဆရာမသဇင်အားပန်းနီနီလေးကိုညှင်သာစွာပန်ပေးလိုက်..ထိုအဖြစ်အပျက်ကို မတ်တပ်ရပ်ပြီးကြည့်နေတဲ့ ဆရာမနီနီကို နှင်းတို့နှစ်ယောက်တွေ့ပါသည်။ဒါကြောင့် နော်ထူးကိုသတိရအောင်ထိုသို့လုပ်ပြခြင်းဖြစ်သည်။

"ကျေးဇူးနော်မီးငယ်လေး.."

"ဟုတ်ကဲ့ပါရှင့်"

ထို့နောက်ဆရာမသဇင်ထွက်သွားသည်။ဆရာမနီနီလဲသိပ်မကြာထွက်သွားသည်ကိုနှင်းတွေ့လိုက်ရသည်။

........

ရက်စက်တဲ့ကံကြမ္မာကိုလဲ နီနီအပစ်မတင်ချင်တော့ပါဘူး..အခုလောက်ဆို နီနီ့ရဲ့ချစ်ရသူ..ဟင်အင့် ချစ်ရသူလို့တောင်ဆရာမခေါ်ဖို့မထိုက်တန်ပါဘူးသမီးရယ်..အခုဆိုထူးထူးလေးဘယ်လိုများနေမလဲ..ချစ်မိမှတော့အမြဲ ကာကွယ်ပေးချင်တာမို့ပါမိန်းကလေးရယ်..
မင်းသိလား..ဒီနေ့နှင်းကသဇင့်ကိုပန်းပန်ပေးသတဲ့..တို့အဲ့မြင်ကွင်းကို ရပ်ပြီးကြည့်နေမိရဲ့..
စိတ်ထဲမှာလဲတွေးမိသား အရင်ကတို့ကျောင်းလာပြီဆိုတာနဲ့ နှင်းဆီနီနီလေးအမြဲလာပေးတတ်တဲ့မင်းအခုတော့ဘယ်လိုများနေမလဲပေါ့..တို့ကိုအမြဲပန်းဆက်သတတ်တဲ့..​ဗြတ္တပေါက်စလေး..ပန်းမဆက်တာတောင် ဒီနေ့နဲ့ဆို သုံးရက်မြောက်ပြီ...တို့မင်းမျက်နှာလေးမမြင်ရတာလဲ နှစ်ရက်ရှိပြီ..။တို့အသည်းအစိမ်းလိုက်ခွဲနေသလားမိန်းကလေးရယ်..မင်းနဲ့မပေါင်းဖက်ရရင်တောင်..မင်းမျက်နှာလေးတော့ မြင်ခွင့်ရချင်မိတယ် အခုတော့မင်းကကျောင်းမလာတာနှစ်ရက်ရှိပြီ ..တို့ကိုတမင်သက်သက်များစိမ်းကာလေသလားလို့မေးကြည့်ချင်ပေမယ့် တို့ဘက်ကအရင်စိမ်းကားခဲ့တာမလို့ မမေးရဲပါဘူးအချစ်ရယ်..တို့ဘက်ကစပြီးလမ်းခွဲပီး တို့ဘက်ကပဲ မင်းမျက်နှာလေးကိုလွမ်းတယ်ဆိုတော့ ရယ်စရာတော့ကောင်းသားကွယ်..လေပြေညှင်းလေးတွေသာ မင်းဆီသတင်းစကားပါးပေးမယ်ဆို ကျမရှင့်ကိုသိပ်လွမ်းတာပဲလို့ သတင်းပါးခိုင်းမိမယ်ကလေးရယ်..။

မြတ်နိုးရသူWhere stories live. Discover now