p-20

1.2K 80 0
                                    

ရက်တွေတဖြေးဖြေးကုန်လွန်နေပြီလေ.. ကျမဒီအခန်းထဲမှာနေနေတာဘယ်လောက်ရှိပြီလဲမသိ...ထမင်းစားချင်စိတ်မရှိ ဘယ်သူနဲ့မှလဲစကားမပြောချင်ခဲ့ပါ...ဆရာမကိုလွမ်းတဲ့စိတ်ကသာကြီးစိုးလို့နေသည်။လုပ်ရက်လိုက်တာဆရာမရယ်...ဒီလူ့ရင်ထဲတောင်မဝင်ကြည့်တော့ဘူး...နဂိုထဲက မချစ်ဘူးဆိုလဲ မချစ်ဘူးလို့ငြင်းခဲ့ရောပေါ့..အခုမှဘာလို့အသဲကိုအစိမ်းလိုက်ခွဲနေရသလဲအချစ်ရယ်...
နော်ထူးမျက်နှာတော်တော်လေးချောင်ကျသွားသည်။မျက်ကွင်းများအနည်းငယ်ညိုလို့နေသည်။ညိုမှာပေါ့အိပ်ပျက်ညတွေလဲများပြီလေကွယ်..ပြက္ခဒိန်တွေ​ တောင်မကြည့်မိ..အော်..အချိန်ပြောင်းလဲသူမ ရှိတော့တာမှမဟုတ်ပဲလေ..နော်ထူး ဖိတ်စာလေးကြည့်ရင်းမျက်ရည်တို့ကျရပြန်သည်လေ နော်ထူးမျက်ရည်တွေကလဲ မကုန်နိုင်မခမ်းနိုင်ပါလားနော်...တွေးမိတိုင်းကျနေတော့တာပဲ..။နော်ထူးတိုးတိုးလေးရှိုက်မိပါသေးသည်။မငိုချင်တော့လို့ အော်ဟစ်ပြီးမငိုချင်တော့လို့ ဘယ်သူမှမသိအောက်ရှိုက်ရုံလေးပဲရှိုက်ခဲ့တာပါကွယ်..။
နော်ထူးဖိတ်စာလေးကြည့်မိနေတုန်း တံခါးခေါက်သံကြားသည်။တစ်ဆက်ထဲ ကြယ်စင့်အသံကိုပါကြားလိုက်ရသည်။

"ဒေါက်...ဒေါက်" "နော်ထူးငါဝင်ခဲ့မယ်နော်"

ကြယ်စင်နော်ထူးဆီသို့လာခဲ့သည်..သူမကတော့အခန်းထဲမှပဲတဲ့လေ အခန်းထဲကမထွက်​တာလဲခုဆိုငါးရက်လောက်ရှိရောပေါ့ နော်ထူးအမေကတော့သော့အပိုနဲ့ဝင်ပြီးအခန်းလေးရှင်းပေး ထမင်းလေးကျွေးလုပ်ပေးပေမယ့် နော်ထူးကတော့အမြဲဖိတ်စာလေးကိုသာကြည့်မြဲ..ဘာစကားမှလဲမဆို..ကြယ်စင်နော်ထူးအခန်းရှေ့ရောက်တော့တံခါးခေါက်လိုက်သည်။
သို့ပေမယ့် အထဲမှပြန်ဖြေသံမကြား ဒါကြောင့်ကြယ်စင်နော်ထူးနော်ထူးအမေပေးတဲ့အခန်းသော့ ခန်းတံခါးဖွင့်ကာဝင်လာသည်။ပြီးနောက်တံခါးကိုသေချာပြန်ပိတ်ပြီး နော်ထူးရှိတဲ့နေရာသို့ဖြေးဖြေးချင်းလျှောက်လှမ်းလာလိုက်သည်။

"နော်ထူး"

"....."

"နော်ထူး နင်စကားမပြောချင်မှန်းသိပါတယ်..ဒါပေမယ့်အခုငါပြောတာလေးတော့ သေချာနားထောင်ပေးနော် တကယ်လို့နင်ပြောချင်တာရှိလဲပွင့်ပွင်လင်းလင်းပြောသိလား"

မြတ်နိုးရသူWo Geschichten leben. Entdecke jetzt