p-23

1.1K 81 0
                                    

ကြယ်စင်တို့သည်စုံညီပွဲအမှီအစီအစဉ်တွေတစ်ခုချင်းစီသေချာစွာစီစစ်လို့နေသည်။စုံညီပွဲနေ့ကြရင် နော်ထူးတို့ထွက်ပြေးဖို့လဲအကုန်စီစဉ်ပြီးပြီဖြစ်သည်။ ကိုမျိုးဆိုသည့်လူကိုလဲရှင်းထုတ်ဖို့အကုန်စီစဉ်ပြီးပြီဖြစ်လို့ စုံညီနေ့ရောက်အောင်သာ စောင့်ဆိုင်းရန်ကျန်တော့သည်။...

......

စုံညီပွဲတော်နေ့ ကြာသပတေးနေ့..နံနက် 8:30

ခန်းမထဲ၌ လူတွေတဖွဲဖွဲကျရောက်လာသည်..။ထိုင်ခုံများနေရာလွတ်သိပ်မကျန်တော့ အပြင်မှလူတွေကလဲ မုန့်ဆိုင်တွေတစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ပျော်ပျော်ပါးပါဖြင့်စားနေကြ၏..။ခန်းမထဲတွင် အကုန်လုံးပြင်ဆင်ပြီး ကျောင်းသား/သူများအားနေရာအစဉ်လိုက်ချပေးနေရသည်။

"မနီရေ..မနီ..မနီ"

"ဟင်"
နီနီ့အတွေးတို့ပျံလွင့်နေသည်မို့တော်ရုံနှင့်မကြားချေ
နီနီအတွေးထဲ နှင်းတို့လာပြောသည့်ကိစ္စကိုစဉ်းစားနေသည်။ချစ်ရသူနဲ့ပေါင်းဖက်ဖို့ တစ်ခါလောက်ဖြစ်ဖြစ်အရဲစွန့်သင့်သလား..။ဒါမှမဟုတ် ချစ်ရသူကိုကာကွယ်ဖို့ လက်ထပ်တာကိုလက်ခံလိုက်ရမလား ဝေခွဲရခက်စွာတည်ရှိလို့နေသည်။

"မနီ..ဘာတွေတွေးနေတာလဲ"

"ဒီလိုပါပဲ သဇင်ရယ်"

"နေမကောင်းဘူးလား"

"ကောင်းပါတယ်"

"မနီဟိုနားမှာ သွားထိုင်နေလိုက်နော် သဇင်ပြီးရင်လာခဲ့မယ်..မနီကြည့်ရတာ အဆင်မပြေသလိုပဲ"

"အင်းပါ သဇင်ရယ် ဒါဆိုအမ ခနနားချေဉီးမယ်"

"ဟုတ်ကဲ့ ညမသွားမယ်နော်"

နီနီအသိအမှတ်ပြုကြောင်းခေါင်းတစ်ချက်ညှိမ်ကာ သဇင်ပြသည့် နေရာသို့..လျှောက်လှမ်းလာချိန်
တစ်စုံတစ်ယောက်ကိုဝင်တိုက်မိလေသည် မြန်ဆန်သောအဖြစ်အပျက်ကြား တခြားလူတွေတော့မသိ..
တိုက်မိသောသူနှစ်ယောက်မှတော့ အံ့သြမှင်သက်စွာပင်

"အ့.."

"ဟယ်..sorryကွယ်..သမီး.."
နီနီစကားများထွက်မလာတော့ စတွေ့တဲ့နေ့ကလို မျက်ဝန်းတွေ မျက်မှန်အောက်က မျက်ဝန်းနက်တွေက နီနီ့ကိုညှို့နေသယောင်..နာသွားလို့ထွက်ကျလာတဲ့ အာမေဋိတ်အသံလေးက စတွေ့တဲ့နေ့လို ချောင်ကျသွားသော မျက်နှာလေးကိုကြည့်ရင်းစိတ်မကောင်းဖြစ်ရသည်။သေသပ်ပိရိလှသောနှုတ်ခမ်းပါးပါးလေးမှာ အနည်းငယ်ဖြူနေလျက်..

မြတ်နိုးရသူWhere stories live. Discover now