p-9

1.3K 93 0
                                    

ဒီနေ့သည် ကျူရှင်ပိတ်ရက်ဖြစ်သလိုကျောင်းပိတ်ရက်လဲ ဖြစ်ပြန်သည်။ ဒါကြောင့် ထွဋ်အာကာကို ခေါ်ကာ အပြင်သွားမည်လို့ဆုံးဖြတ်ထားပေသည်။နော်ထူးတို့က ဒီနေ့မအားကြပေ ဒါကြောင့် ထွဋ်အာကာနဲ့သာ သွားဖို့ဆုံးဖြတ်လိုက်သည်။ထွဋ်အာကာနဲ့အခန်းသာတူတာသူခင်ချင်လို့လာပြောတုန်းကပဲ စကားကောင်းကောင်းပြောရသည်။ကျန်တဲ့အချိန်တွေအကုန်လုံး ဆရာမနဲ့ နော်ထူးတို့ကိုအချိန်ပေးနေရတာကြောင့် သူ့နဲ့ကောင်းကောင်းစကားမပြောရ သူကတော့ အမြဲဖော်ရွေပေသည်။ကြယ်စင်သွားဖို့ပြင်ဆင်ပြီးတော့ နံနက်ဆယ်နာရီထိုးချေပြီ။ဒီနေ့မှ ကြယ်စင်လဲလန်းဆန်းနေသယောင်..ဒီနေ့က လျှောက်လည်ဖို့ချည်းပဲမဟူတ် ထွဋ်အာကာကိုကူညီဖို့လဲအစီအစဉ်စတဲ့နေ့ဖြစ်သည်။ သူ့ကိုကူညီမယ်ဆိုပြီး ပစ်ထားမိတာကြာပြီ ဒီနေ့တော့ တကယ်ကူညီရမည်။

ဒီနေ့ကြယ်စင့်က လျှောက်လည်ရန်ခေါ်ထားသဖြင့်လိုက်သွားမည်ဖြစ်သည်။သိုပေ့မယ့် ကြယ်စင်က ကူညီပေးမယ့်အစီအစဉ်စမည်ဟုပြော၍ ကောင်းဘုန်းအားခေါ်ရပေမည်။ကောင်းဘုန်းအိမ်ဘက်သို့သွားလိုက်သည်။
"အန်တီ ကောင်းဘုန်းမြတ်နိုင် ရှိလား"

"ရှိ​တယ်သားရေ အခန်းထဲမှာလိုက်သွားချေ"

"သူ့ကိုအပြင်ခေါ်သွားချင်လို့အန်တီ"

"အေးကွယ် ခေါ်သွားသားသူငယ်ချင်းကို စိတ်ပြေလက်ပျောက်ပေါ့ကွယ်"

"ဟူတ်အန်တီ သားဒါဆိုသွားခေါ်လိုက်ဉီးမယ်"

"အေးအေး"

ထွဋ်အာကာလဲ ကောင်းဘုန်းမြတ်နိုင်အခန်းထဲသို့ဝင်သွားလိုက်သည်။အစပိုင်းတော့ ခေါ်တာကိုမလိုက်ဘူးဆိုကာအတင်းပြန်လွှတ်နေသည်။ထွဋ်အာကာလဲမရမကခေါ်ကာမှ ငြင်းမရလို့လိုက်သည့်ပုံစံနှင့်ရေချိုးကာပြင်ဆင်နေသည်။ ထွဋ်အာကာလဲအိမ်သို့ပြန်ကာအဝတ်အစားလဲ သေချာသပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးချိန်တွင် ကောင်းဘုန်းမြတ်နိုင် ထွဋ်အာကာအိမ်ရှေ့သို့ရောက်နေချေပြီ..ထွဋ်အာကာလဲ ကောင်းဘုန်းမြတ်နိုင် ဆီအမြန်ပြေးသွားသည်။ထို့နောက်အတူတူ ကြယ်စင့်အိမ်ကိုချီတက်ကြသည်။သူကတော့ ကြယ်စင်ပါမည်ဆိုတာသိမည့်ပုံမပေါ်ချေ..ခနတေတော့ကြယ်စင့်ဆီကဖုန်းဝင်လာပေသည်။

မြတ်နိုးရသူWhere stories live. Discover now