p-18

1.1K 83 0
                                    

နော်ထူးငိုနေသည်မှာ ဘယ်လောက်ကြာသွားလဲမသိပေ နော်ထူးထိုနေရာမှာအိပ်ပျော်သွားပေသည်။ပြန်နိုးလာတော့ ညတောင်ရောက်နေချေပြီ...ထမင်းလဲစားချင်စိတ်မရှိတာကြောင့်ထမင်းလဲမစားမိချေ..
အခန်းထဲမှ ကုတင်ပေါ်သို့၍ တင်ပလ္လင်ခွေ ထိုင်ကာ ဖိတ်စာလေးကိုကြည့်နေမိသည်။
အနီရောင်..အနီရောင်..
နမည်က ဒေါ်နီနီအောင်..
ကြိုက်တဲ့အရောင်က အနီရောင်
လိုက်လဲလိုက်ပါပေ့ အချစ်ရယ်
ဒီရင်ကိုခွဲရတာအားမရသေးဘူးထင်တယ်
ကျမအသည်းကိုသာ ခွဲထုတ်ပြီးယူသွားပေတော့ချစ်သူရေ..ထားသွားရင်သေမယ်လို့ပြောမိပါတယ်..လဲသေလိုက်တဲ့လေ..ရက်စက်ပါပေ့အချစ်ရယ်..တိုချစ်ခဲ့ကြာတာတွေက အတုအယောင်တွေလားဟင်..နော်ထူးစိတ်ထဲ အရာရာကမနေ့တနေ့ကလိုပင်..ပုံရိပ်ယောင်ပြန်မြင်ရောင်လာသည်..။ကျမတော့ရူးနေပြီထင်တယ်ဆရာမရေ..ဆရာမကိုချစ်မိနေတဲ့ အချစ်ရူးလုံးလုံးကြီးကိုဖြစ်နေပြီရှင့်..ဆရာမရဲ့..။

....

ခွဲရတာ တစ်ရက် ဒီညနဲ့ဆိုရင်တော့ တို့တွေခွဲရတာမှ
44နာရီ28မိနစ်ပင်ရှိလောက်မယ်..အော်တို့မှာလဲရူးပါ့ကွယ်..ခွဲရတာတောင်အချိန်တွေမှတ်ထားမိတယ်..။
ခုချိန်မှာ ပြတင်းပေါက်လေတွေတိုက်နေတယ်သိလားကလေးရယ်..တို့အရမ်းချမ်းတယ်..အသဲထဲစွဲထင်နေလောက်အောင်ချမ်းနေပေမယ့်..အသဲကွဲနေတယ့်မင်းကိုတော့ တို့လွမ်းမိသား..။

မင်းသာရှိရင်တကယ်
"အနွေးထည်မဝတ်ပဲနဲ့ဘာလုပ်နေတာလဲ အနွေးထည်မဝတ်ပဲနွေးရအောင် ဆရာမအခုရောက်နေတာ ကျမရင်ခွင်ထဲမှာမဟုတ်ဘူးရှင့်"ဆိုပြီး တီတီတာတာလေးတွေပြောမယ်ထင်တယ်ကွယ်...

မင်းရဲ့ဆုံးမသံလေးလဲမကြားရ မင်းမျက်နှာလေးလဲတွေ့ခွင့်ရမယ်မထင်တော့ဘူး..။တို့ဘက်ကစပြီးစကားကြမ်းကြမ်းတွေနဲ့လမ်းခွဲခဲ့ပေမယ့် တို့ဘက်ကစပြီး လွမ်းမိနေရဲ့ကွယ်..။

တို့ဒီနေ့မင်းဆီကိုဘာလို့အနီရောင်ဝတ်တာလဲဆိုတာ မင်းသိရင် မင်းတို့ကိုလှောင်ရယ်နေမယ်ထင်တယ် တို့အနီရောင်ဝတ်ထားတဲ့ရည်ရွယ်ချက်က မင်းရှေ့မှာသိပ်ကိုအသည်းမာတဲ့မိန်းမအဖြစ်မြင်စေချင်လို့...မင်းရှေ့မှာမပြိုလဲမိစေဖို့ ဒီဝတ်စုံကိုဝတ်လာတယ်ပြောရင်..ကလေးမင်းယုံပါ့မလား..။

မြတ်နိုးရသူWhere stories live. Discover now