p-29

1.3K 91 6
                                    

ကွန်ကရစ်လမ်းလေးတစ်လျှောက် ကုက္ကိုရွက်လေးတွေ ကျနေသည်မှာ ကြည်နူးစရာ တောအရပ်မို့ ထင်သည် လေတဖြူးဖြူးနဲ့သိပ်ကိုအေးမြလှသည်။နော်ထူးတယောက် တံတောင်ဆစ်ကွေးရွာလေးကိုသွားရင်း သိပ်ပျော်နေရှာသည်။ လမ်းကရှူခင်းများကို တဝကြီးငေးနေ၏..။

"နော်ထူး မမောဘူးလား ငါ့ညမရယ် ဖြေးဖြေးလျှောက်မှပေါ့"

"မမောပါဘူး ကိုကြီးရာ နော်ထူးပျော်လို့ပါ..နော်ထူးတို့ရန်ကုန်မှာဆို မွန်းကြပ်မှုတွေ အများကြီးကြားမှာရှင်သန်ရတာ ဒီလိုမဟုတ်ဘူးကိုကြီးရဲ့ ဒီမှာဆို အေးအေးလူလူနဲ့ သဘာဝအလှကို ခံစားလို့ရတယ်လေ"

"ဟူတ်ပါပြီကွာ...ဒါပေမယ့် ဖြေးဖြေးလျှောက် တော်ကြာ နင်ချော်လဲရင် ငါ့ကိုဆရာမသတ်လိမ့်မယ်"

"အမလေး..သူများဆရာမကို..ဆရာမကကြင်နာတတ်ပါတယ်နော် အဲ့လိုမလုပ်ပါဘူး..ဆရာမဆိုလို့နောက်တခါလာရင် ဆရာမကိုခေါ်လာချင်တယ်"

"လာခဲ့ပေါ့ဟ...ငါလဲကူပြောပေးမယ်"

"ဟုတ် ကျေးကျေး"

"ထားပါထားပါ ဆက်သွားမယ်"

အမှန်တိုင်းဆိုပါလျှင် ကျော်ကိုကိုနိုင်လဲ ဒီကလေးကိုခင်တွယ်မိပါသည် မိမိထက် လေးနှစ်လောက်ငယ်သည့်ထိုကလေးမကို ကိုယ့်ညမလိုစောင့်ရှောက်ပေးချင်မိသည်။ ထိုကလေးကလဲ ချစ်ဖို့ကောင်းအောင်နေတတ်သည်လေ။..

"မိထူးရေ"

"ရှင် ကိုကြီး"

"အရှေ့မှာ တံတောင်ဆစ်ကွေးရွာ တွေ့လား"

"တွေ့ပြီ ဟိုနားကအဝင်လား"

"အေးလေ"

"အော်"

"ကလေးတွေရှိတယ် ကျောက်ကျောရွက်တွေလဲပေါတယ် ငါတို့ဆော့ကြမလား"

"ဆော့မယ် ဆော့မယ် ဒါနဲ့ကျောက်ကျောရွက်ဆိုတာဘာလဲ"

"ကျောက်ကျောရွက်ဆိုတာက အရွက်တစ်မျိုးလေ"

"အရွက်ကတော့ ကိုကြီးပြောမှလား ဘယ်လိုဆော့တာလဲလို့သိချင်တာ နမည်က အဆန်းမို့လို့လေ ရိုးရိုး ထမင်းချက်တမ်းပဲကစားတာလား"

မြတ်နိုးရသူWhere stories live. Discover now