p-8

1.3K 103 2
                                    

သမီးတို့ကို သမီးတို့ဆရာမတွေရဲ့အိမ်မှာ စာသွားလုပ်ရမယ် ကျူရှင်သဘောမျိုးပေါ့ ဒါပေမယ့် သမီးတို့သုံးယောက်ပဲသင်မှာဆရာမတွေက

"ရှင်"
သူံးယောက်သားပြိုင်တူသာထူးလိုက်မိသည်။စာသင်ရမယ်တဲ့ သုံးယောက်သားဘဝတော့ခါးပြီပေါ့ကွယ်..

"မေမေတို့ကလဲ"

"မေမေတို့ကမလဲနဲ့ သွားသင်ရမယ် ဒါပဲ"

"ဟုတ်ကဲ့ပါဗျာ.."

နော်ထူးတို့ကြယ်စင်တို့ နှင်းတို့ကသူငယ်ချင်းဖြစ်ခဲ့ကြတဲ့အဓိကအချက်တွေက မိခင်တွေကြောင့်လဲပါသည်။မိခင်တွေသည် အိမ်နီးချင်းတွေဖြစ်တာကြောင့် အလွန်ပင်ရင်းနှီးခဲ့ကြသည်။ကလေးတွေရတော့ ပြောင်းတဲ့သူကပြောင်းနဲ့ ကွဲကွာခဲ့ကြတာပင်...။နော်ထူးတို့ကျောင်းပြန်တက်တော့ နှစ်ဉီးပိုင်းတွင်ကြယ်စင်တို့နေတဲ့မြို့သို့ပြောင်းလာတာပင်ဖြစ်သည်။
​....
ကျူရှင်တက်ရမည့်နေ့၏ညနေရောက်တော့ နော်ထူးနဲ့နှင်းတို့က စာအုပ်တွေသေချာထုတ်ကာ လွယ်အိတ်အသေးလေးကိုယ်စီနဲ့ ကြယ်စင်ရှိရာအိမ်သို့ချီတက်ကြသည်။

"ကြယ်စင်က ပြီးပါ့ဉီးမလားနော်ထူးရဲ့"

"​သွားရမဲ့အချိန်လဲနီးနေပြီကို ပြီးလောက်မှာပါဟ"

"အေး သူ့ကိုဝင်ခေါ်မှရမှာ ငါတို့ကဘယ်အိမ်သွားရမယ်မှန်းမသိဘူး သူ့ပဲဆရာတင်ရတော့မှာပေါ့ဟယ်"

"လမ်းမသိ ခွေးနောက်လိုက်ဆိုသလိုပဲ"

"ဟိုကကြားရင် ဆဲခံရဉီးမယ်"

"စတာပါဟယ်"

နှင်းနဲ့ နော်ထူးလဲအတန်ငယ်လျှောက်၍လာသော် ကြယ်စင့်အိမ်ရှေ့သို့ရောက်ရှိချေပြီ...

"ကြယ်စင်ရေ ကြယ်စင်"

"အေးလာပြီ"

"ကြယ်စင်လို့ ကြယ်စင်"

"နင့်မိထွေးငါက ဒီမှာ သေချာကြည့်"

"ဒါလေးပြောတာကို သွားမယ်လေ"
ကျူရှင်အိမ်သို့သွားရာ လမ်းတွင် ကြယ်စင်မှစကားစပြီးဆိုလာသည်။
"ပြောစရာရှိတယ်နင်တို့အံ့သြသွားမယ်ကွာ"

"အမလေးဘာတွေစကားပလ္လင်ခံနေတာလဲ ပြောစရာရှိမပြောဘူး"
နော်ထူးလဲ ကြယ်စင့်ကိုမျက်စောင်းထိုးကာပြောလိုက်သည်။ထို့နောက်ပါလာတဲ့ အအေးဘူးလေးအားထုတ်၍သောက်လိုက်ချိန်..

မြတ်နိုးရသူWhere stories live. Discover now