p-6

1.4K 106 6
                                    

ဒီနေ့ဟာ နော်ထူးအတွက်ကံဆိုးတဲ့နေ့ပင် ဆရာမ အဖြေပေးတဲ့နေ့မှစလို့အရာရာဟာအဆင်ပြေပေမယ့် ဒီနေ့ဆို ကိုကိုမျိုးဆိုတဲ့လူက မြန်မာပြည်ကိုပြန်ရောက်လာတာ ကြောင့်ဆရာမကိုလာကြိုမည်တဲ့လေ။ဆရာမလဲ စိတ်ရှုပ်နေပုံရသည်။ ငြင်းလို့လဲမရဆို တော့ဆရာမ သည် နော်ထူးကိုအားနာနေတော့သည်။ကြယ်စင်တို့ကတော့ ဒီရက်ပိုင်းအဆင်ပြေနေကြပေမယ့် နော်ထူးတော့မဟုတ် ဆရာမစိတ်ရှုပ်နေတာကို မကြည့်ရက်နိုင် အတတ်နိုင်ဆုံးပျော်အောင်သာထားချင်သည်။

"ဆရာမ"

"ရှင်"

"အဆင်ပြေလို့လား"

"ပြေပါတယ်ကွယ် ကလေး ဒီနေ့ ဆရာမအိမ်လိုက်ခဲ့နော်"

"ဆရာမကလေးလို့ခေါ်ရင် သမီးသိပ်သဘောကျတယ်သိလား"

"ဒါဆိုခေါ်မှာပေါ့ ဆရာမရဲ့ထူးထူးလေးကို"

"ဆရာမရဲ့ထူထူး ဟုတ်တယ် ထူးထူးက ဆရာမအပိုင်
ဆရာမကိုလဲထူးထူးပဲပိုင်ချင်တာ"

ထိုသို့ပြောတော့ ညှိုးငယ်သွားတဲ့ မျက်နှာလေးနဲ့ ပြတင်းပေါက်ဖက်လှည့်သွားသောဆရာမ မျက်ဝန်းထဲမှာလဲ အရည်ကြည်တွေ ပြည့်လာတာကြောင့်ကိုယ်ပြောတာမှားမှန်းသိလိုက်သည်။

"ဆရာမကိုထူးထူးလေးပိုင်နိုင်ပါစေလို့ဆုတောင်းတယ်ကလေးရယ် ဆရာမ အဲ့လူကိုလက်မထပ်ချင်ဘူး"

"ဆရာမရယ် ဒါတွေမတွေးပါနဲ့ သမီးနားလည်ပါတယ် ဒါဟာလဲ စေ့စပ်ထားတာပါပဲ ဆရာမရယ် ဘာမှမဖြစ်ပါဘူး နောက်ပြီးသမီးရှေ့မှာ အဲ့လူနဲ့ ကြုံရင်လဲ အနေကျဉ်းကျပ်စရာမလိုဘူးနော်"

"ကလေးရယ်"

"ကဲပါ စာရင်းတွေလုပ်ရမှာမလားသမီးကူပေးမယ်"

"အင်း တူတူလုပ်မယ်လေ"

"ဟူတ်ကဲ့ပါ့ရှင့်"

ယခုလိုနားလည်ပေးတဲ့ ကလေးကိုရထားတာဟာလဲ နီနီ့အတွက်ကြီးမားတဲ့လက်ဆောင်ပင်ဖြစ်သည်။
....

ဒီနေ့မှ ဒေါ်ခိုင်သဇင်ဝင်း အလုပ်ရှုပ်နေမိသည်။ရုံးခန်းကိုလဲစာရင်းသွားပို့ရမည်။စာကြည့်တိုက်ကိုလဲစာအုပ်တွေပို့ရပေဉီးမယ် စာအုပ်ကများတာကြောင့် သဇင့်ရဲ့ ပေါက်စလေးကို အကူအညီတောင်းရမည်ဖြစ်သည်။

မြတ်နိုးရသူWhere stories live. Discover now