Part - 9 (U+Z)

41.8K 3.6K 258
                                    

ဦးမြတ်ဟန်ရုံးရောက်ပြီးမကြာခင် ဇနီးဖြစ်သူထံမှဖုန်းဝင်လာ၏။ သားကြီးကျောင်းတွင်ရန်ဖြစ်၍ကျောင်းအုပ်ကြီးမှမိဘခေါ်တွေ့လာပါသည်တဲ့..။ သူမ,ကခွဲခန်းဝင်စရာရှိ၍ကိုယ်စားသွားပေးရန်ဖုန်းဆက်လာခြင်းဖြစ်၏။သားကြီးကျောင်းတွင်တစ်ခါမှရန်မဖြစ်ဖူး၍ ထိုအကြောင်းကြားကြားချင်းဦးမြတ်ဟန်အံ့အားသင့်သွားရသည်။

ကျောင်းအုပ်ကြီးရုံးခန်းထဲခွင့်တောင်းပြီးဝင်လိုက်တော့ တွေ့လိုက်ရသည်က ကျောင်းအုပ်ကြီး၏မျက်နှာချင်းဆိုင်ညာဘက်အခြမ်းတွင်ထိုင်နေသည့် ဦးနေလင်းမောင်။ကလေးနှစ်ယောက်ကတော့လက်ပိုက်ရပ်နေ၏။

(အင်း...မလိုအပ်ဘဲစကားတွေအများကြီးပြောရတော့မယ်)

သူ့ကိုမြင်တာနဲ့သားကတစ်ချက်လှမ်းကြည့်ပြီးခေါင်းပြန်ငုံ့သွားသည်။ တစ်ဖက်ကလေးမျက်နှာမှာကတော့အညိုအမဲများစွဲထင်နေလျက်..။ ထိုစဥ် ဆရာမကြီးမှ...

"ထိုင်ပါ ဦးမြတ်ဟန်"

ဦးမြတ်ဟန်ကျန်သောခုံအလွတ်တွင်ဝင်ထိုင်လိုက်ပြီး...

"လမ်းမှာကားနည်းနည်းကျပ်နေလို့ နောက်ကျသွားတာစိတ်မရှိပါနဲ့ခင်ဗျာ..."

"ရပါတယ်ရှင် ဦးနေလင်းမောင်လည်းရောက်တာမကြာသေးပါဘူး"

ထို့နောက်မှာတော့ ဆရာမကြီးမှရန်ပွဲ၏ဖြစ်စဥ်အစအဆုံးအားရှင်းပြပါတော့သည်။ ဆရာမကြီးစကားဆုံးသည်နှင့်ဦးနေလင်းမောင်မှ...

"ကျွန်တော်ကတော့ဘယ်လိုမှမကျေနပ်နိုင်ဘူး ဆရာမကြီး...ကြည့်ပါဦးဗျာ ထိုးထားလိုက်တာ ဘယ်လိုမိမနိုင်ဖမနိုင်မျိုးပါလိမ့်"

စကားဆုံးသည်နှင့်ဦးမြတ်ဟန်ဆတ်ခနဲလှည့်ကြည့်လိုက်ပြီး...

"ကလေးချင်းဖြစ်ကြတာပါ စကားပြောတာမရမ်းကားပါနဲ့ ကိုနေလင်းမောင်"

လူကြီးချင်းပါတစ်ပွဲဖြစ်လာနိုင်သည့်အခြေအနေကြောင့်ဆရာမကြီးမှ...

"နှစ်ယောက်လုံးစိတ်လျှော့ကြပါဦးရှင်...ကျွန်မအခုလိုခေါ်လိုက်တာကလည်း သူတို့လေးတွေအိမ်ပြန်ရောက်ရင်မိဘတွေအနေနဲ့နားလည်မှုလွဲတာတွေရှိလာနိုင်တဲ့အတွက်ခေါ်တွေ့ရတာပါ.. ကလေးတွေကထူးချွန်တဲ့ကလေးတွေဖြစ်သလိုတစ်ခါမှရန်မဖြစ်ကြဖူးတဲ့အတွက်ကျွန်မကကျောင်းစည်းကမ်းအတိုင်းအပြစ်ပေးမယ်ဆိုတဲ့အကြောင်းအသိပေးချင်ရုံသက်သက်ပါ "

ဘုန်းပြည့်ချမ်းဟန် (Complete)जहाँ कहानियाँ रहती हैं। अभी खोजें